Saturday, February 11, 2012

တရားမဝင် ချိပ်ပိတ် ခံထားရသည့် ဘုန်းတော်ကြီးကျောင်းများ တရားဝင် ချိပ်ပြန်ပွင့်

ဦးပဏ္ဍဝံသ နှင့် သာသာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦး
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်ထဲကနေ ပြန်လည် လွတ်မြောက်လာတဲ့ သံဃာတော်တွေဟာ သော့ပိတ်ထားတဲ့ ကျောင်းတွေကို သော့ပြန်ဖွင့်ပြီး
သီတင်းသုံး နေတဲ့အပေါ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အခုလိုမျိုး သော့ဖွင့်ပြီး ကျောင်းတိုက်တွေမှာ နေထိုင်တာဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၅ နဲ့
ငြိစွန်းတဲ့ အတွက် ကျောင်းတိုက်တွေကနေ သံဃာတော်တွေကို ပြန်လည် ထွက်ခွာခိုင်းပြီး သော့ပြန်လည် ချိပ်ပိတ် ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၎
ရက်နေ့တွေမှာ ကျောင်းတိုက် အသီးသီးကို ချိပ် ပြန်ပိတ်ခဲ့ပြီး အခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေတောင် ကျောင်းတိုက်
အတွင်းမှာ ရှိတဲ့ ဦးပဏ္ဍဝံသ ကျောင်းထိုင်တဲ့ ပြည်ကျော် ကျောင်းဆောင်ကို သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လာရောက်ပြီး တရားဝင် ပြန်ဖွင့် ပေးခဲ့ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com