Thursday, February 16, 2012

ပါရမီ ယာဉ်လိုင်းမှ အမျိုးသမီးသီးသန့်ယာဉ်များ စတင်ပြေးဆွဲ


By ဇာဏီ၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့၊၂၀၁၂ ခုနှစ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္မဏီ လီမိတက်(ပါရမီ)ယာဉ်လိုင်းမှ လိုင်းကားအချို့ကို အမျိုးသမီး သီးသန့်ယာဉ်လိုင်းများအဖြစ် စတင်ပြေးဆွဲနေပါသည်။
ပါရမီ ယာဉ်လိုင်းများဖြစ်သော အဓိပတိ(အဖြူ၊အနီ၊အပြာ၊အဝါ)၊ပါရမီ ၁၇၆၊၁၇၇ လိုင်းများမှ ယာဉ်လိုင်းများကို အမျိုးသမီး သီးသန့်လိုင်းကားများ အဖြစ် စမ်းသပ်ကာလ တစ်ပတ် လေးရက် မနက် ၇း၃၀၊ ၊၈း၃၀ နှင့် ညနေ ၄း၃၀၊ ၅း၃၀ အချိန်တွေမှာ ပြေးဆွဲပေးသွားမယ်ဟု သိရပါသည်။

“ဒီနေ့မှ ကားလာတော့ ကားစပယ်ယာ(ယာဉ်နောက်လိုက်)က မိန်းကလေးပဲ တက်လို့ရမယ် ယောက်ျားလေးတွေမရဘူးဆိုပြီး အမျိုးသမီးတွေပဲ တက်ရတယ်။ သူတို့တွေကလေ ဒီလမ်းပဲတူတူကို ဘာလို့သူတို့တက်မရတာလဲ ဆိုတော့ မိန်းကလေးသီးသန့်မို့ပါလို့ ကားစပယ်ယာက ပြောတယ်။ ဒီနေ့ လိုင်းကား စီးလာရတာကို သဘောကျတယ်။ ကားပေါ်မှာ ယောက်ျားတစ်ယောက်မှ မပါဘူး။ မဟုတ်ရင် အမြဲတမ်း သူတို့တွေပဲ လုတက်နေတော့ ကားဂိတ်မှာလေ အမြဲကျန်ခဲ့တာ။ ” လို့ ဒီမနက် အမျိုးသမီးသီးသန့် အဓိပတိ လိုင်းကားစီးလာခဲ့တဲ့ ခရီးသည်တဦးက ဘားမား ဗီဂျေ မီဒီယာကို ပြောပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com