Friday, February 3, 2012

ပုသိမ်ကျောင်သားထုကို အထင်သေးရော့သလား ဦးသိန်းစိန်

Friday, 3 February 2012

ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့မှာ ပုသိမ်တက္ကသိုလ်က ကျောင်းသားတွေကို စာမေးပွဲဖြေဆိုစေဖို့ ပုံမှန်မဟုတ် တဲ့ ရုတ်တရက်အမိန့်ကို ထုတ်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ဘာသာရပ်အားလုံးကို တစ်နေ့တည်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီစာမေးပွဲကို လာမဖြေဘူးဆိုရင် ဒေါ်စုလမ်းကြောင်းဆီ သွားကြတယ်လို့ သတ်မှတ်မယ်လို့ ဆရာ/ဆရာမတွေက ပြောတယ်လို့ သိရပါတယ်။ အဲဒီလိုသတ်မှတ်ခံရရင် ဘာဖြစ်မလဲလို့ တချို့ကျောင်းသား တွေရဲ့ အမေးကို သိချင်ရင်လုပ်ကြည့်လိုက် ဆိုပြီး ဆရာမတွေက ပြန်ဖြေတယ်လို့ သိရပါတယ်။ အချိန်ကိုက်ကြေငြာလိုက်တဲ့ မတရားသော စာမေးပွဲကို မကျန်းမာဖြစ်နေတဲ့၊ အဝေးရောက်နေတဲ့ ကျောင်းသားတွေအားလုံး လာရောက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ကားတွေစီးလုံးငှား ထားပြီးဖြစ်နေကြပါပြီ။ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့နေ့မှာ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲဖြေဆိုနေကြမလား... ကျောင်းအာဏာကို ဖီဆန်ပြီး ကြိုဆို ကြမလားဆိုတာ စောင့်မျှော်ကြည့်ကြရမှာပါ။ ကျောင်းသားဆိုတာ အစဉ်အလာကောင်းမွန် ခဲ့ကြသူတေ ပဲဖြစ်ပါတယ်။

အဘ ဥက္ကာကိုကို ဖေ့စ်ဘွတ်မှ ...

No comments:

Post a Comment

wwwwnyinyi@gmail.com