Tuesday, March 6, 2012

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။

နွားထိုးကြီးမြို့ မှကြိုဆိုသူများကိုတွေ့ ရစဉ် (ဓါတ်ပုံ-7Day)
 မတ်လ ၅ရက်၊ မွန်းလွဲ ၅နာရီ ၂၀ မိနစ် ။ YPI
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် လမ်းပျဉ်းမနားရွာမကွင်း တွင် မိန့်ခွန်းပြောကြားနေပြီဖြစ်သည်
 "ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရသလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ" ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နုတ်ချက် ၊ ဒက္ခိဏသီရိမြို့နယ်။
"ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ" ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် တွင်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။

No comments:

Post a Comment

wwwwnyinyi@gmail.com