Thursday, March 15, 2012

ရခိုင်ဒေသကျောက်ဖြူ ရေနံပိုက်လိုင်းစီမံကိန်း(ဗီဒီယို)သတင်းနှင့် တိုင်းပြည်ကိုကိုယ့်အားကိုယ်ကိုးစေချင်ပါတယ်။


တရုပ်သတင်းဌာနတခုဖြစ်တဲ့ CCTV ကနေမြန်မာနိုင်ငံရခိုင်ဒေသကျောက်ဖြူဆိပ်ကမ်းကိုပြုပြင်နေခြင်းသည်..
 ဂက်စ် တင်ပို့နိုင်ရန်အတွက်ရေနံတင်ပို့နိုင်ရေးအတွက်လိုအပ်ချက်အရ
ပြုပြင်ဆောင်ရွက်နေခြင်းမျိုးသာမက တရုတ်မှမိမိတို့ ထုတ်ယူသောဂက်စ် (ရေနံ)ကိုတင်ပို့နိုင်ရေးအတွက်သာမက မြန်မာအစိုးရအနေဖြင့် တိုင်းပြည်မနစ်နာစေရန်
 မြန်မာ့ရေကြာင်းကုန်သွယ်ရေးစနစ်ပိုမိုကောင်းမွန်

စေလိုသောရည်ရွယ်ချက်။နိုင်ငံတကာမှကုန်သွယ်စီးဆင်းမှု့ပိုမိုကောင်းမွန်လာစေခြင်း။မိမိတိုင်းပြည်ထုတ်ကုန်
များတင်ပို့မှု့ပိုမိုကောင်းမွန်လာစေခြင်း။စသည့်အဖက်ဖက် ကိုဆင်ခြင်လုပ်ဆောင်စေချင်ပါသည်။
ထိုသို့တည်ဆောက်မှု့တွေ မည်မျှပင်ပြုလုပ်စေကာမူပြည်သူလူထု အားနစ်နာဆုံးရှုံးမှု့များမရှိစေရန်နှင့်
ပိုမိုကောင်းမွန်လာစေရန်ဆောင်ရွက်နိုင်ခြင်းမှာ အရည်အချင်းရှိ အစိုးရတရပ်ဖြစ်ပါတယ်။

    ယခုဆောင်ရွက်နေသောလုပ်ငန်းများမှာ အစိုးရပိုင် သတင်းဖေါ်ပြချက်များတွင် စကားလုံးကောင်းများ၊
အယူအဆကောင်းများကိုဖေါ်ပြထားသော်လည်း တကယ်တန်း ပြည်သူများထိတွေ့နေရသည်မှာ ဖေါ်ပြပါသတင်းများအတိုင်းမဖြစ်ချေ။ ထင်သလိုလုပ်ကိုင်နေခြင်း၊တိုင်းပြည်ပိုင် မြေ၊သယံဇာတများကို အစိုးရ.ဟူသောခေါင်းစဉ်ဖြင့်၊တိုင်းပြည်အတွက်ဟူသောအကြောင်းပြချက်ဖြင့်လုပ်ကိုင်နေခြင်း။ လက်ငင်းကြုံတွေ့နေရသောတိုင်းပြည် နိုင်ငံရေးပြဿနာများ၊စီးပွားရေးပြဿနာများကို စနစ်တကျဖြေရှင်းဆောင်ရွက်နေခြင်းမျိုးမဟုတ်ပဲ လွယ်ကူစွာ တိုင်းပြည်ထွက်သယံဇာတများလုပ်လို့ရသမျှ ၊ရောင်းလို့ရသမျှ စာချုပ်ချုပ်လို့ရသမျှ ၊အကြွေးယူလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်လို့ရတာ အကုန်လုပ်နေခြင်းသက်သက်သာဖြစ်ပါတယ်လို့သာမြင်ပါတယ်။  မြန်မာပြည်အနှံဆည်များတည်ဆောက်ခြင်းနှင့်
လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်းများနှင့်ပတ်သက်သော အကျိုးအမြတ် တိုင်းပြည်ခံစားခွင့်များကို ကြည့်လျှင်လည်း နှစ်ပေါင်း၃၀ နှစ်ရှည်၊ လူမျိုးဆက်သစ်တခုအပြောင်းအလဲ အခုဖြစ်သွားတဲ့အထိ တရုတ်ကိုစာချုပ်ချုပ်ဆို ရောင်းချခြင်းများသည် အနာဂတ်မြန်မာပြည်အတွက် ကောင်းမွန်စေချင်သော၊တိုင်းပြည်ကို တိုးတက်ပြောင်းလည်းသောနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေချင်သော ရည်ရွယ်ချက်သို့မပို့ဆောင်နိုင်ပေ၊ မလုပ်နိုင်ပေ  ။ထို့အတူရခိုင်ဒေသမှ ထွက်ရှိသော ဂက်စ်ပိုက်လိုင်းဆက်သွယ်ရောင်းချမှု့မှာ လည်း ရောင်းရုံသက်သက် မဟုတ်သည့်အနေအထားများဖြစ်ပြီး
နောက်ဆက်တွဲ သိုလှောင်ထိမ်းသိမ်းမှု့၊ စွမ်းအင်ထုပ်လုပ်မှု့၊မှ သုံးစွဲမှု့အဆင့်ရောက်အောင် မလုပ်ကိုင်နိုင်ခြင်းကြောင့် တန်ဖိုးရှိ သယံဇာတများတိုင်းပြည်မှာ ရှိနေသော်လည်း လုပ်ကိုင်ဆောင်ရွက်မည့်နည်းပညာရှင်များ။နည်းပညာများ။ လိုအပ်သောဆက်စပ်ပစ္စည်းများ တိုင်းပြည်မှ
ဘာမှ မလုပ်ကိုင်နိုင်ပေ။ ထို့ကြောင့် ရေထွက်၊မြေထွက်၊လေထွက်၊နေစွမ်းအင်ထွက် သမျှကို အခြားတိုင်းပြည်များက သုတေသနပြု အသုံးချနေစဉ် မြန်မာပြည်မှာ အလားကားနည်းပါးအပြင် စိုက်ထုတ်ရောင်းချနေရသောအဖြစ်မှာ ရင်နာစရာကောင်းလှသည်။ တိုင်းပြည်တွင်ပညာရှင်များ နည်းပညာများကို လေ့လာဆောင်ရွက်နိုင်သော ပညာရှင်လူငယ်များရှိနေပေလိမ့်မည်။ အသိပညာရှင်များရှိနေပေလိမ့်မည်။ သို့သော်အစိုးရအဆက်ဆက် ဖိနှိပ်မှု့များကြောင့် ရှေ့ထွက်မလာပေ။
စိုးရိမ်ကြောင့်ကြမှု့များကြောင့် တိုင်းပြည်လူမျိုးတိုးတက်ရေးအတွက် အနစ်နာခံဆောင်ရွက်တင်ပြမှု့များပျောက်ဆုံးခဲ့ရသည်။ အကယ်၍သာ မြန်မာပြည်သည် သယံဇာတ မထွက်ရှိခြင်း၊ ကုန်ဆုံးခြင်း ။များရင်ဆိုင်ခဲ့ရပါက မဖြစ်မနေလုပ်ဆောင်လာရမည်။ကြိုးစားလာရမည်ဖြစ်သည်။ ဥပမာ ဂျပန်နိုင်ငံသည် ထိုသို့သောမဖြစ်မနေကြိုးစားနေရသော ကျွန်းစုနိုင်ငံဖြစ်သည့်အပြင် ကြီးမားသောသဘာဝဘေးဒဏ်များကိုလည်း နှစ်စဉ်ရင်ဆိုင်ဖြေရှင်းနေရသည်။ တိုင်းပြည်မှသယံဇာတပစ္စည်းများရောင်းစားစရာမရှိခြင်းကြောင့် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချရသည်။ထိုသို့ထုတ်လုပ်ရာတွင်လည်း နိုင်ငံတကာမှ နှစ်သက်သောအရည်အသွေးရအောင်
ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ယနေ့ထိပ်တန်းနည်းပညာများကိုပိုင်ဆိုင်ခြင်းနှင့် စက်မှု့ထွန်းကားသောနိုင်ငံအဖြစ်ရပ်တည်နေခြင်းဖြစ်သည်။ သူတို့တွေလည်းမွေးဖွားလာစဉ်မှ အရွယ်ရောက်လျှင်ကျောင်းပညာသင်။ပြီးဆုံးလျှင်လုပ်ငန်းခွင်များတွင်ဝင်ရောက်လုပ်ကိုင်ကြပေသည်။
မိမိတို့တိုင်းပြည်တွင်လည်းထိုသို့သွားနေသည်ဘယ်လိုနေရာတွေမှာကွာခြားသွားသနည်း။
ရည်ရွယ်ချက်တွေ၊မျှော်လင့်ချက်တွေနဲ့ ထိမ်းကျောင်းပြုပြင်မှု့တွေမှာကွာခြားသွားခြင်းပါ။တနည်းအားဖြင့်
စနစ်မှာ(တိုင်းပြည်တခုရဲ့စနစ်နဲ့ရည်ရွယ်လုပ်ဆောင်ချက်တွေ)မှာပါပဲ။ဒီပေါ်မှာအခြေခံလျှက် ပညာသင်လူငယ်များရဲ့ဘဝနဲ့စိတ်ဓါတ်များကလည်းပြောင်းလည်းသွားခြင်းပါပဲ။(ပြည်သူ့အော်သံ)

No comments:

Post a Comment

wwwwnyinyi@gmail.com