ကျောက်ဖြူမြို့ တွင် ရခိုင်ပြည်နယ်က ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကိုခွဲဝေသုံးစွဲနိုင်ရန် ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြ
မိုယ်းဝေ(မြစ်မခ)
by Myit Makha Mediagroup on 2 Mar, 2012
by Myit Makha Mediagroup on 2 Mar, 2012
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် ရခိုင်ပြည်နယ်က
ထွက်ရှိသည့်သဘာဝ ဓာတ်ငွေ့ ကိုရခိုင်ပြည်သူများခွဲ
ဝေသုံးစွဲနိုင်ရန်လူငယ်၇၀ ခန့်က
မတ်လတစ်ရက်နေ့ကံ့ကော်တော့ဘုရားတွင်ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
မနေ့ကနံနက်ပိုင်း၈နာရီ
အချိန် ဦးဥတ္တမလမ်းနဂါးကျောင်းကွင်းပြင်တွင် OUR GAS OUR FUTURE
စာတန်းပါတီရှပ်များ ကိုတူညီဝတ်ဆင်ပြီးကားသုံးစီးဖြင့်
စီမံကိန်းလုပ်ငန်းများရှိသည့် ကံ့ကော်တောဘုရားသို့
သွားရောက်ပြီးရွှေဂက်စ်နှင့် ပတ်သက်သည့်အကြောင်းအရာများကို
ဟောပြောခဲ့ကြကြောင်းငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုရာမှာပါဝင်သည့်လူငယ်တစ်ဦးကပြောသည်။
“ကျနော်တို့က
ဒီကမ်းလွန်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် လည်းခွဲဝေ
သုံးစွဲနိုင်ဖို့အတွက် အခုလိုငြိမ်းချမ်းတဲ့
နည်းနဲ့တောင်းဆိုတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာလျှပ်စစ်မီတာခ
တွေအဆမတန်တိုးမြှင့်လာတယ်၊ဒါကြောင့်ရခိုင်ကထွက်တဲ့ရွှေဂက်စွမ်းအင်နဲ့
ရခိုင်ပြည်နယ်အတွက် အညီအမျှခွဲဝေနိုင်အောင်၊နောက်တစ်ခုက
ဒီကျောက်ဖြူမှာရှိတဲ့ လူတွေဟာ လည်းဒီစီမံကိန်းအပေါ်မသိတဲ့
သူတွေများတယ်၊ဒါကြောင့်ကျနော်တို့ပြည်သူတွေသိအောင်ရှင်းပြတာပါ’’ဟုပြောသည်။
အဆိုပါငြိမ်းချမ်းစွာဆန္ဒြုပတောင်းဆိုရာမှာကားရှေ့တွင်ရခိုင်ပြည်နယ်
သဘာဝရွှေဂက်စ်မှစွမ်းအင်ကိုရခိုင်ပြည်သူသုံးစွဲခွင့်ရရှိရေးပိုစတာကိုကပ်ထားပြီး
တီရှပ်တွင်လည်းOURGASOURFUTUREပါရှိသည့် တီရှပ်များကိုဝတ်ဆင်ပြီး
ကံ့ကော်တော့ဘုရားဟောပြောပွဲလုပ်ခြင်း၊
ဘုရားရင်ပြင်ကိုသန့်ရှင်းရေးလုပ်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုအပြင်ကိုယ်စီတီရှပ်များကိုဝတ်ဆင်ကာ မြို့တွင်း၌လမ်းလျှောက်သည့်လှုပ်ရှားမှုများလည်းရှိခဲ့ကြသည်။
“ကျနော်တို့ဆူပူတာမဟုတ်ပါဘူး။
ဒီမနက်စောစော၈နာရီမှာ နဂါးကျောင်းကွင်းမှာလူတွေစုတယ်၊ပြီးရင်
ကားသုံးစီးနဲ့ကံ့ကော်တော ဘုရားကိုသွားတယ်၊အဲဒီမှာ ဟောပြောပွဲ
တွေလုပ်တယ်၊သန့်ရှင်းရေးတွေလုပ်တယ်။ဟောပြောပွဲမှာပြောကြတာက
အခုကျောက်ဖြူဓာတ်ငွေ့စီမံကိန်းအကြောင်းပြောတာပါ။နိုင်ငံကတော်ကလည်း
ရခိုင်ပြည်နယ်အတွက်ခွဲဝေသုံးစွဲခွင့်ပြုမယ်ဆိုတဲ့အချက်ကိုကျနော်တို့တောင်းဆိုတာပါ၊
ရပ်ဆိုင်းဖို့ အတွက်မဟုတ်ပါဘူး ၊ဒေသအာအာဏာပိုင်တွေကတော့ ရောက်လာပါတယ်။
ဒါပေမယ့်ကျနော်တို့ကငြိမ်းချမ်းစွာတောင်းဆိုတာဖြစ်တဲ့အတွက်အနှောက်မပေးပါဘူး’’ဟုလှုပ်ရှားမှုတွင်ပါဝင်သည့်လူငယ်ကပြောသည်။
ငြိမ်းချမ်းစွာဆန္ဒပြသည့်လှုပ်ရှားမှုကိုနံနက်၈နာရီတွင်စတင်ခဲ့ပြီး
၁၀နာရီတွင်အဆုံးသတ်ခဲ့ကြောင်း၊ အာဏာပိုင်အဖွဲ့အစည်းက
၎င်းတို့်စီးလားသည့်ကားကိုသာ စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်းလျှပ်စစ်မီတာခနှုန်းထားမြင့်မားလာသည့်အတွက်ရခိုင်ပြည်နယ်ကထွက်ရှိသည့်
သဘာဝဓာတ်ငွေ့စွမ်းအင်ကိုအညီအမျှသုံးစွဲနိုင်လိုလားနေကြကြောင်းလည်းသတင်းရရှိသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com