Thursday, March 29, 2012
အလဲဗင်းမီဒီယာသို့ပြည်သူ့အော်သံ သဘောထား မေးလ် ပေးပို့ခြင်း
Eleven Media Group ၏ သတင်းနှင့် ဓါတ်ပုံများကို အင်တာနက် ဝက်ဘ်ဆိုဒ်အချို့တွင် အပိုဒ်လိုက် သော်လည်းကောင်း၊ တစ်ပုဒ်လုံး သော်လည်းကောင်း ခွင့်ပြုချက်မရှိဘဲ ကူးယူ ဖော်ပြခြင်းများကို တွေ့ရှိနေရပါသည်။ သတင်းမီဒီယာတစ်ခုကဲ့သို့ website တစ်ခုတည်ဆောက်ပြီး EMG ၏ သတင်းများကို ရေရှည်ကူးယူသုံးစွဲနေခြင်းအား ခွင့်မပြုပါ။
 အထက်ပါသတိပေးချက်နှင့်ပတ်သက်သော ပြည်သူ့အော်သံ သဘောထား နှင့် ပြန်စာအား
အလဲဗင်း မီဒီယာသို့ပေးပို့ပြီးဖြစ်ပါတယ်။ (ပြည်သူ့အော်သံသို့လာရောက်သောမိတ်ဆွေများသိရန်ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။)
သို့ ၊
     အယ်ဒီတာ.
လေးစားစွာဖြင့် သိစေအပ်ပါတယ်။
ပထမဦးစွာ အလဲဗင်းသတင်းမီဒီယာမှ ပြည်တွင်းနှင့်ပတ်သက်သောအေ၇းကြီးသတင်း(သို့)မြန်မာနိုင်ငံသားတိုင်း၊ ပြည်သူများသိသင့်သည့်
သတင်းများကို မူယင်းအတိုင်းကူးယူဖေါ်ပြခဲ့ပါတယ်။
ထိုသို့ကူးယူဖေါ်ပြရခြင်း၏ရည်ရွယ်ချက်များကို သိရှိစေလိုပါတယ်။သို့သော်လည်းနောက်နောင်ဖေါ်ပြတော့မည်မဟုတ်ကြောင်းသိစေအပ်ပါတယ်။
၁။  မိမိကိုယ်တိုင်အလဲဗင်းမီဒီယာကို   ပြည်သူများအတွက်ရပ်တည်ရေးသားချက်များကြိုက်နှစ်သက်၍ တဆင့်လက်ဆင့်ကမ်းဖေါ်ပြခြင်းဖြစ်ပါတယ်။
     ထိုဖေါ်ပြချက်တွင် မိမိအတွက်တစုံတရာ ရလာဒ်မရှိပါ။
၂။ ထိုသို့ဖေါ်ပြလိုက်ရာတွင် မူယင်းစာသားများပုံစံမပြောင်းစေပဲ မူလသတင်းဌာနကိုပါဖေါ်ပြပေးပါတယ်။
၃။ဥပမာအားဖြင့် ဧရာဝတီ မြစ်ဆုံသတင်းနှင့်နောက်ဆက်တွဲသတင်းများ။ ပြည်တွင်းပြည်ပ ရှိနိုင်ငံသားတိုင်းအလျှင်အမြန်သိသင့်သောသတင်းတပုဒ်ဖြစ်သည်။
   ထိုသတင်းမျိုးကို နိုင်ငံပိုင် သတင်းစာဖေါ်ပြချက်များကို ပြည်သူများလက်မခံနိုင်ခြင်းကြောင့်၊ ပြည်သူများအတွက်ရပ်တည်ဖေါ်ပြရေးသားသော
   သတင်းဌာနများ ၊အွန်လိုင်းများမှ ကူးယူဖေါ်ပြကြရသည်။
   မကြာခင်က ဘင်္ဂလားဒေ့ရှ် - မြန်မာရေပိုင်နက် ဆုံးဖြတ်ချက်နှင့် ပတ်သက်သောသတင်းကြတော့ ပြည်ပသတင်းဌာကတိုက်ရိုက်ဖြစ်သောကြောင့်
   ပြည်တွင်း သတင်းကိုအားကိုးနေစရာမလိုအပ်ပဲ ၊ ပြည်တွင်းအစိုးရရဲ့ ထုတ်ပြန်ချက်များနှင့် သတင်းထုတ်ပြန်မှု့များအပေါ်သာ စောင့်ကြည့်လေ့လာမှု့လောက်သာ
   ရှိခဲ့ပါတယ်။ ဗီဒီယိုဖိုင် အကိုးအကားအထောက်အထားများနှင့် မြန်မာကိုယ်စားပြု ရှေ့နေများတင်ပြထွက်ဆိုချက်များကို မိမိတို့တိုက်ရိုက်ဖေါ်ပြပေးခဲ့ပါတယ်။
၎။ အလဲဗင်းမီဒီယာ သည်အောင်မြင်သော သတင်းဌာန ဖြစ်သော်လည်း မိမိ အနေနှင့် မြန်မာနိုင်ငံသားတိုင်းနီးပါး သိရှိသော သတင်းဌာန
   အဆင့်မရောက်ရှိသေးဟုမြင်ပါသည်။ထိုသို့ပြောဆိုရခြင်းသည် အလဲဗင်း အနေနှင့်အရည်အချင်းမရှိ၍မဟုတ်ပါ။
   ပြည်တွင်း၌ ရပ်တည်နေသောကြောင့် သတင်းလွတ်လပ်ခွင့်ကို ပြီးပြည့်စုံစွာမရရှိခြင်းကြောင့် ဖြစ်ပါတယ်။
  ဥပမာ။ ပြည်ပသတင်းဌာနများဖြစ်သော RFA , BBC, VOA, DVB စသည်များဟာလူတိုင်းနီးပါးသိကြပါတယ်။
            သိရခြင်းအကြောင်းကတော့ ပြည်တွင်းမှာဖေါ်ပြခြင်းရေးသားခွင့်မရတာတွေ ရေးခွင့်ရလို့ပါ။
၅။သတင်းနှင့်မီဒီယာဆိုင်ရာ နည်းနာများကို အလဲဗင်းအနေဖြင့် စီးပွားရေးတခုအရ ရပ်တည်နေသော်လည်း
   မိမိနှင့် အခြားဘလောက်ဂါအချို့မှာ များသောအားဖြင့်ပြည်ပရှိ ဘလောက်ရေးသားသူအများစုမှာ အစိုးရ (အာဏာရှင်)
  စစ်တပ်မှ အရပ်ကိုပြောင်းလည်းအုပ်ချုပ်နေခြင်းနှင့် စစ်အာဏာ ရှင်စနစ်ကျဆုံးရေးအတွက်တိုက်ခိုက်ရေးသားနေခြင်း
  ဖြစ်ပါတယ်။ထိုသို့ရေးသားနေစဉ်တိုင်းပြည်နှင့်နိုင်ငံရေးသတင်းဆက်စပ်မှု့များကို ဖေါ်ပြခြင်းသာဖြစ်ပါတယ်။
၆။ နောက်ဆုံးအချက်ကတော့ အလဲဗင်းသတင်းဌာန မှ ရေးသားဖေါ်ပြသော(ကမ္ဘာ့ရေးရာ) ခေါင်းစဉ်အောက်ရှိ
   သတင်းများနှင့် ဓါတ်ပုံများသည်ကိုယ်ပိုင် သတင်းမဟုတ်ပါ။ပြည်ပသတင်းဌာနများမှကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်။
   သတင်းဖေါ်ပြချက်အောက်ဆုံးတွင်-Ref:AFP လို့ဖေါ်ပြပေးထားပြီး ။translate. လုပ်ပေးခြင်းနှင့် ဆီလျှော်ဖတ်ကောင်းအောင်  ပြင်ဆင်ရေးခြင်း။ ဓါတ်ပုံများကို လည်းကိုယ်တိုင်ရိုက်ယူခြင်းမဟုတ်ပဲ တိုက်ရိုက်ကူးယူဖေါ်ပြခြင်းများသာဖြစ်ပါတယ်။
ထိုသတင်းများကိုလည်းပြန်လည်ဝယ်ယူဖေါ်ပြခြင်းမဟုတ်နိုင်ပါ။
  သို့သော် မိမိတို့ စာဖတ်သူများအနေနှင့် အလဲဗင်းအပေါ် သတင်းကူးယူ လုပ်စားတယ်လို့မမြင်ပါ။သတင်းမူပိုင်ခွင့်ဆိုတာကို လည်းမတွေးပါ။
   ပြည်သူများသိစေရန် ပြန်လည်ဝေငှတယ်လို့ပဲမြင်မိပါတယ်။
   မိမိသည် ဘလောက်ကိုနိုင်ငံရေးအတွက်ရေးသားပါတယ်။ တိုင်းပြည်ကို ပြောင်းလည်းမှု့တခုခုဖြစ်ရေးအတွက်
   မိမိလုပ်ကိုင်နိုင်သော တပိုင်တနိုင်လုပ်ခြင်းသက်သက်ပါ။သတင်းရွေးချယ်တင်ပြရာတွင်ပြည်သူများနှင့်သက်ဆိုင်သော နိုင်ငံရေး
သတင်းများ   မြန်မာနိုင်ငံသားတိုင်း လွယ်ကူစွာ ရှာဖွေဖတ်ရှု့နိုင်ရန်ရယ်ရွယ်တင်ပြပါတယ်။
       ကိုယ်တိုင်ရှာဖွေတင်ပြသော သတင်းမှသာ အင်တာနက်တွင်ဖေါ်ပြခြင်း၊ ဘလောက်များတွင်ဖေါ်ပြခြင်းပြုလုပ်ရမည်ဆိုပါက -
   တကမ္ဘာလုံးမှ သတင်းများသိ ရန်လွယ်ကူမည်မဟုတ်သလို မြန်မာပြည်အနှံ့တွင်ဖြစ်ပေါ်နေသော လူအခွင့်အရေးချိုးဖေါက်မှု့များ
  မတရားမှု့များ လည်း၊ အနှိင့်ကျင့်နှိပ်စက်သတ်ဖြတ်မှု့များ ၊ဥပဒေ အလွဲသုံးစားလုပ်နေမှု့များ လူတိုင်း
အချိန်နှင့်တပြေးညီသိရမည်မဟုတ်သလို အစိုးရ၏မူမမှန်သော ဥပဒေ အလွဲသုံးမှု့များအပေါ်နှင့်
မီဒီယာများအပေါ်အသုံးချခြင်းများကို ဝေဖန်မှု့များသည် အကျိုးသက်ရောက်မှု့ ရှိမည်မထင်ပါ။
  ပြည်ပရှိ ကိုယ်ပိုင်ဘလောက်များတွင် ကွန်မင်းများရေးသားမှု့ဝေဖန်မှု့များ သည် လွတ်လပ်စွာ
ရေးသားနိုင်သည်။ ဆန္ဒလွတ်လပ်စွာထုတ်ဖေါ်ပိုင်ခွင့်ရှိပါတယ်။
   မိမိသည် ပြည်ပတွင်နေထိုင်သူတဦးဖြစ်သောကြောင့် ပြည်တွင်းသတင်းများကို ပြည်တွင်းမှ မီဒီယာများကိုဖတ်ရှု့၍
  ကူးယူဖေါ်ပြခြင်းသာဖြစ်ပါတယ်။
                                                                                                                     လေးစားစွာဖြင့်
No comments:
Post a Comment
wwwwnyinyi@gmail.com