အဆိုပါ လျော်ကြေးငွေအ
တွက်ချက်မှုစာရင်းတွင်လယ်ယာ မြေဧကနှင့် ထောက်ပံ့ကြေးငွေ များကို
တွက်ချက်ပေးထားပြီး တောင်သူ(၈၆)ဦးရှိသည့်အနက်မှ
(၉)ဦးကိုသာလျှင်ထောက်ပံ့ကြေး (၉.၂.၂၀၁၂)ရက်နေ့ကထောက်ပံ့ ကြေးငွေထုတ်ပြီး
ကျန်တောင် သူ (၇၇)ဦးမှာ ထောက်ပံ့ကြေးငွေ လုံးဝမရှိ သေးကြောင်း ရွှေနံသာ
ရပ်ကွက်နေ တောင်သူဦးလှမြင့် ကပြော ကြားသည်။
လယ်ယာမြေထောက်ပံ့ကြေး
နှင့်သီးနှံလျော်ကြေးမရရှိသေးမှု အပေါ်နိုင်ငံတော်အကြီးအကဲများ သို့
အသနားခံစာတင်ပြခဲ့သော် လည်း မရရှိခဲ့ကြောင်း ပြည်သူ့ လွှတ်တော်ဥက်္ကဋ္ဌ
သူရဦးရွှေမန်း နှင့် ဦးသိန်းညွန့် (ဥက်္ကဋ္ဌ)နေပြည် တော်ကောင်စီသို့လည်း ၂၀၁၂
ခု နှစ်ဖေဖော်ဝါရီလ (၂၈)ရက်နေ့စွဲ ဖြင့် တင်ပြခဲ့ပြီး ဖြစ်ကြောင်းသိရ သည်။
တောင်သူ ဦးလှမြင့်က ““ကွင်းအမှတ်
(၁၈၇၄)မှ လယ် ယာမြေတွေကို ၂၀၀၇ ခုနှစ်ကစ ပြီး အသိမ်းခံရတာပါ။ ၂၀၀၉ ခု
နှစ်မှာ တောင်သူတွေအားလုံးကို လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီ နှစ်မှာပဲ
ငွေတွေအကုန်ထုတ်ပြီး သွားပြီလို့တော့ ကြားတယ်။ ကနေ့အထိ (၉)ဦးကတော့ရပြီး
ကျန်(၇၇) ဦးမရသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ
ထုတ်ပေးမယ်လို့ဆွေးနွေးပွဲတွေလု ပ်
ပြီး စည်ပင်လူကြီးတွေကိုယ်တိုင် ပြောသွားတာပါ။ အခုထိမရ သေးဘူး။
အသနားခံစာတွေတင် ပြပေမယ့်လည်း တောင်သူတွေ ကိုလှည့်တောင်မကြည့်ပါဘူး””ဟု
ပြောကြားသည်။
အပန်းဖြေဥယျာဉ်တည် ဆောက်မည့်
စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် လယ်ယာမြေ ထောက်ပံ့ကြေးနှင့် သီးနှံလျော်
ကြေးတွက်ချက်မှုအရတောင်သူ များအတွက်နိုင်ငံတော်မှထောက် ပံ့သည့်
လျော်ကြေးငွေများကို ရ ရှိပြီးသူ (၉)ဦးနည်းတူကျန်တောင် သူ (၇၇)ဦးအတွက်
အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်းနစ် နာသူတောင်သူများ၏ပြောကြား
ချက်အရသိရသည်။
နောင်တော်လေး
နောင်တော်လေး
No comments:
Post a Comment
wwwwnyinyi@gmail.com