Tuesday, April 17, 2012
အင်္ဂလန်ရောက်မြန်မာအသိုင်းအဝိုင်းမှသမ္မတဦးသိန်းစိန်အပေါ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း
အင်္ဂလန်ရောက်မြန်မာအသိုင်းအဝိုင်းတခုမှသင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပနေသည်အဖွဲ့အစည်းတခုမှ
သမ္မတဦးသိန်းစိန်ကို ယခုနှစ်အတွက် ငြိမ်းချမ်းရေးဆုချီမြှင့်တဲ့ထူးခြားတဲ့သတင်းတပုဒ်ဖတ်လိုက်ရတဲ့အတွက်
ပြန်လည်ဝေမျှလိုက်ပါတယ်။ထိုသင်္ကြန်ပွဲကျင်းပတဲ့အခန်းအနားကို အင်္ဂလန်နိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကလည်းထူးထူးခြားခြားတက်ရောက်ခဲ့ကြောင်းသိရပါတယ်။
ဆုချီးမြင့်တဲ့အခန်းအနားဗီဒီယို နှင့်ဆက်စပ်သတင်းကိုဖေါ်ပြလိုက်ပါတယ်။
 လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။
Copyright © 1998-2011 Radio Free Asia. All rights reserved.
1 comment:
  1. မဂ်လာပါ ။
    ယူသွားတဲ့လွပ်လပ်ရေးကိုကောပြန်မပေးလိုက်ဘူးလား အေးလေကြာပြီပဲ
    မေ့သူတွေကမေ့လောက်ပါပြီ မမေ့သူတွေကတော့ ဒီမိုကရေစီတဲ့ အဟီ
    လွပ်လပ်ရေးကို ရွေးကောက်ပွဲနှင့်မရတာတော့သေချာပါတယ် ။
    ReplyDelete
wwwwnyinyi@gmail.com