ဖယ်ခုံမြို့ နယ်.. လှဝှဲကျေးရွာ ရှိ ကယား ကယန်း ရှမ်း
တိုင်းရင်းသားတောင်ယာလုပ်ကိုင်စားသောက်သူတွေရဲ့ ရင်ဖွင့်စကားများနှင့်
၈၈မျိုးဆက်ကျောင်းသားများ....( ကိုမြအေး)
၁၉ ဧပြီလ ၂၀၁၂

ဖယ်ခုံမြို
့နယ် လှဝှဲကျေးရွာရှိ တောင်ယာခင်းတွေဟာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့သော
တောင်ယာကွက်များဖြစ်တယ်.. အခု ဒီတောင်ယာတွေကို စစ်တပ်ကသိမ်းပြီး
ပြန်ပြီးဒီတောင်သူတွေကိုဘဲ တစ်လကို ၅၀၀၀ကျပ်ဖြင့် အငှားချခဲ့တယ်..
ကိုယ်ပိုင်တဲ့ယာမြေကို ကိုယ်က ပြန်ပြီး စာရင်းငှားဘ၀ဖြင့် ပြန်လုပ်နေရတယ်..
ဒီအခက်အခဲတွေကို ရွာသူရွာသားတွေကိုယ်တိုင် ကျွန်တော်တို့ကို
တင်ပြနေတာဖြစ်တယ်.... အခု တစ်လကို တစ်ခင်းလုပ်ဖို့  ပဲစဉ်းငုံ ၂အိပ်
တောင်းနေတယ်.. ဒီတောင်သူတွေ ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ... ဒီပြသနာကို
ဘယ်သူတွေ ၀င်ရောက်ဖြေရှင်းပေးနိုင်မလဲ..
စာအုပ်ထဲက သီအိုရီတွေဟာ.. လက်တွေ့ မရှိရင် အမြုံသာလျှင်ဖြစ်တယ်.. အခု ဒီတောင်ယာသမားတွေရဲ့.. ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နားလည်းတတ်ကျွမ်းတဲ့သူတွေအားလုံး.. ၀ိုင်းဝန်းကူညီပေးပါ.. ကျွန်တော်တို့ကိုလည်း အကြံပေးပါ..
ဆင်းရဲနွမ်းပါးနေတဲ့..
လှဝှဲရွာ ဟိန္တာမရွာ အဲဒီက ကယန်း ကယား ရှမ်း တိုင်းရင်းသားတွေရဲ့
တောင်ယာခင်းတွေကို ရိုးသားစွာ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် ပေးပါ..
အဲဒီ တောင်ယာသမားတွေဟာ စစ်တပ်ကို အခွန်မဆောင်ဘူးလို့ ပြောနေတာမဟုတ်ဘူး..
ပဲစဉ်းငုံ ၂ အိပ်ကိုပေးဖို့ မတတ်နိုင်တာဘဲဖြစ်တယ်.. တစ်လကို ၅၀၀၀ ကျပ် သို
့မဟုတ် ၇၀၀၀ ကျပ် ယူမယ်ဆိုရင်တောင်မှ ကိုယ့်မြေ ကိုယ့်ယာမှာ ကိုယ်ဟာကို
လုပ်ကိုင်စားသောက်ပြီး စစ်တပ်ကို အခွန်ဆောင်သွားမှာဖြစ်တယ်.. ကျေးဇူးပြုပြီး အညွှန့်ခူးမစားပါနဲ့........ ။
******************************************************
No comments:
Post a Comment
wwwwnyinyi@gmail.com