Sunday, April 1, 2012

ယနေ့ ကော့မှူးမြို့ နယ် မြင်ကွင်း (ဓါတ်ပုံ)သတင်း

ကော့မှူးကိုယ်စားလှယ်လောင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ကော့မှူးမြို့ နယ်မှာ ယနေ့ တွေ့ ရစဉ် ဓါတ်ပုံ(ရိုက်တာ)







လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဒီညနေ တညအိပ်ရောက်ရှိလာတာကို ကြိုဆိုကြတဲ့ ဒေသခံလူထုနဲ့ မဲရုံတွေရဲ့  ပြင်ဆင်နေတဲ့ ဓါတ်ပုံများ (Photos: AP)

ဝါးသိင်္ခရွာတွင်ရောက်ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူမနေထိုင်မည့်အိမ်သို့ရောက်ရှိပြီးခဏတာအပန်းဖြေကာ စောင့်ဆိုင်းနေသောပရိသတ်ကို
၂မိနစ်တာစကားပြောခဲ့ကြောင်းထိုရွာတွင်ရောက်ရှိနေ သော7DayNewsသတင်းထောက်က
သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည်ကမိုးချုပ်နေပြီဖြစ်သဖြင့်ကြိုဆိုနေသူများ၏မျက်နှာ များကိုမမြင်ရသော်လည်းအသံတွေကြားရသဖြင့်အားတက်ရကြောင်းပြော ကြားခဲ့ပြီးမနက်ဖြန်နံနက်အစောပိုင်းတွင်မဲရုံများကိုခဏတာကြည့်ကာ ရန်ကုန်သို့ပြန်ပြီးလမ်းတစ်လျှောက်မဲရုံများကိုလည်းဝင်ရောက်ကြည့်ရှူ့သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ၀ါးသိင်္ခရွာတွင် နိုင်ငံတကာသတင်းထောက်၂၀ကျော်နှင့်ပြည်တွင်းသတင်းသမားအများအပြားရောက်ရှိသတင်းယူ လျှက်ရှိကြကြောင်း 7Day Newsသတင်းထောက်ကသတင်းပေးပို့သည်။

 ဒ်ါအောင်ဆန်းစုကြည်နှင့်အတူသူမ၏
မိသားစုဆရာ ၀န်ဒေါက်တာတင်မျိုးဝင်းသည်ယနေ့ကော့မှူးခရီးစဉ်သို့လိုက်ပါသွားခြင်းမရှိကြောင်း ဒေါက်တာတင်မျိုးဝင်းက 7 Day News သို့ပြောကြားသည်။
ရာသီဥတုပူပြင်းသည့်အတွက် ရွေးကောက်ပွဲနေ့နံနက်ပိုင်းတွင် မဲရုံများသို့လေ့လာပြီးမွန်းတည့်မတိုင်မီရန်ကုန်သို့ပြန်လာရင်အကြံပြုထားကြောင်းလည်းသိရသည်။
“အမသွားပြီးတော့မကြာခင်မှာဘဲ လမ်းကနေဖုန်းဆက်တယ် သူနေကောင်းတယ်ဆိုတဲ့အကြောင်း”ဟုဒေါက်တာတင်မျိုးဝင်းကပြော သည်။
 7Day News Journal

No comments:

Post a Comment

wwwwnyinyi@gmail.com