ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင် ရဲ့ မိခင်
ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။
"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ
စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော် သမီးဆီကို လိုက်မလာပါနဲ့နော် ဆိုပီး ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ ပြောပါတယ်...နောက် အခု ကောင်မလေး ရတဲ့ ဒဏ်ရာက ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"
မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now
ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။
အခုချိန်ထိတော့ ပဲခူးမြို့ မှ တာဝန်ရှိ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာ
မရှိသေးကြောင်း အမှုကိုလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com