Friday, April 27, 2012

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီးကိုသွားရောက်အားပေးစကားပြော


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးအတွင်းက ဦးနှောက်နှင့် အာရုံကြော ဆေးရုံမှာ ခွဲစိတ်ကုသမှု
ခံယူနေတဲ့ မအိပပဖြိုးကို ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲက သွားရောက် တွေ့ဆုံပြီး  အားပေးစကား ပြောခဲ့ပါတယ်။
အသက် ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် စာဖြူစုကျေးရွာသူ မအိပပဖြိုဟာ ဦးနှောက်နဲ့ အာရုံကြော ဝေဒနာ ခံစားနေရသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့
ပါတီစည်းရုံးရေး သွားရောက်စဉ် တွေ့ဆုံခဲ့ရာက တာဝန်ယူ ခွဲစိတ်ကုသဖို့ စီစဉ်ပေးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က မအိပပဖြိုးအတွက် အစားအသောက်အချို့ကို
သွားရောက် တွေ့ဆုံရင်း လှူဒါန်းခဲ့တာပါ။ တဆက်ထဲမှာလည်း  မအိပပဖြိုးရဲ့မိခင်နဲ့လည်း တွေ့ဆုံပြီး အားပေးစကား ဆိုခဲ့သလို ခွဲစိတ် ဆရာဝန်တွေ သူနာပြု
ဆရာမတွေနဲ့လည်း တွေ့ဆုံ ခဲ့ပါသေးတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com