Monday, April 16, 2012

သင်္ကြန် နောက်ဆုံးနေ့ ၈၈ သံချပ် အဖွဲ့ ဖျော်ဖြေမယ့် နေရာတွေက

သင်္ကြန် နောက်ဆုံးနေ့ ၈၈ သံချပ် အဖွဲ့ ဖျော်ဖြေမယ့် နေရာတွေက ...၈၈ မျိုးဆက် ကျောင်းသားများ သံချပ် အဖွဲ့သည် ယနေ့ သင်္ကြန် အတက်နေ့တွင် ရန်ကုန်မြို့ နေရာ ၆ ခုကို သွားရောက် ဖျော်ဖြေသွားမည် ဖြစ်သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်း ဇ၀န နှင့် NLD ရုံးရှေ့တွင် ဖျော်ဖြေမည် ဖြစ်သည်။
ယင်းနောက် တောင်ဒဂုံ ၅၆ ရပ်ကွက်၊ မြောက်ဥက္ကလာပ ကန်သာယာ လမ်းဆုံတို့တွင် ဖျော်ဖြေမည် ဖြစ်ပြီးနောက် ညနေ ၅နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။
နောက်ဆုံးတွင် လမ်း ၅၀ ၀န်းကျင်တွင် လာရောက် ဖျော်ဖြေမည် ဖြစ်သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com