ဆရာ ဒဂုန်တာရာထံသို့ သွားရောက် ဂါရ၀ပြုခဲ့ကြစဉ် (မေလ၊ ၅ရက်၊ ညနေ ၆ နာရီ)
(ဓာတ်ပုံများ – 88 Generation Students www.facebook.com/88GenerationStudents)၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရှမ်းပြည်နယ် တောင်ပိုင်းခရီးစဉ်များကို ယနေ့ (မေလ၊ ၁ ရက်) စတင်ခဲ့ကြသည်။၈၈မျိုးဆက်ကျောင်းသားများသည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့သို့ ယနေ့ (မေလ၊ ၁ ရက်) နံနက် ၄ နာရီ ၁၅မိနစ်တွင် ရောက်ရှိခဲ့ကြပြီး နံနက် ၈ နာရီတွင် ရပ်စောက်မြို့နယ်သို့ ခရီးဆက်ခဲ့ကြသည်။မွန်းလွဲ ၁၂း ၃၀ နာရီတွင် ရပ်စောက်မြို့၊ သာသန၀ိပုလ၊ မင်္ဂလာရန်အောင် စာသင်တိုက်၊ ဓမ္မာရုံတွင် ရပ်စောက်မြို့မိ မြို့ဖများ၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးကြပြီး၊ ရပ်စောက်မြို့မိမြို့ဖများ၏ ဆွေးနွေးမေးမြန်းချက်များကို ၈၈မျိုးဆက်ကျောင်းသားများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ညနေ ၄ နာရီတွင် ဆွေးနွေးပွဲ ပြီးဆုံးပြီးနောက် ရပ်စောက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် စူဠာမနိစေတီတော်သို့ သွားရောက်ခဲ့ကြသည်။

တောင်ကြီးမြို့တွင်
ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ ကို ယနေ့(မေလ ၃ ရက်) နံနက်၉း၄၅
နာရီတွင် တောင်ကြီးမြို့ရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့်
ယဉ်ကျေးမှုအသင်း ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မီ
ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်စူး၍
ချိုးငှက်များကို ဘေးမဲ့လွှတ်ပေးခဲ့ကြပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုများ၌
ကျဆုံးခဲ့ရသူများအတွက် ဂုဏ်ပြုပန်းများ ချခြင်းတို့ကို
ဦးစွာပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကို စတင်ကျင်းပရာ
၈၈မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များကို ဂျင်မီက တစ်ဦးချင်း မိတ်ဆက်ပေးပြီး
မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် တို့က ဦးဆောင်ဆွေးနွေး
ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ဒေသခံ မြို့မိ မြို့ဖ
များနှင့် ပြည်သူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ကျန်ရှိနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်စူး၍ ချိုးငှက်လွှတ်နေသော

ရွှေညောင်မြို့ NLD ရုံး

ဒေသခံ ပအိုဝ် ကျောင်းသား ကျောင်းသူများ

၁။ ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်း
၂။ ပအို့ဝ် စာပေနှင့် ယဉ်ကျေးမှုအသင်း
၃။ ပအို့ဝ် တိုင်းရင်းသား ရပ်မိရပ်ဖများ
၎။ ပအို့ဝ် လူငယ်များအဖွဲ့ (PYO)
၎။ ပအို့ဝ် လူငယ်များအဖွဲ့ (PYO)
၅။ ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)
၆။ ရပ်စောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၆။ ရပ်စောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၇။ တောင်ကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
၈။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ
၈။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီ
၉။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
၁၀။ ရွှေပြည်အေး အဖွဲ့
၁၀။ ရွှေပြည်အေး အဖွဲ့
၁၁။ Green Right Organization
၁၂။ အောင်ပန်းစာကြည့်တိုက် အဖွဲ့
၁၂။ အောင်ပန်းစာကြည့်တိုက် အဖွဲ့
၁၃။ ရှေ့နေများ
၁၄။ ကျူရှင်ဆရာများ တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
၁၄။ ကျူရှင်ဆရာများ တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဒေသခံ ဒေါက်တာဦးထွန်းနိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေး၊ ဟဲယာရွာမ

ရှမ်းပြည်တောင်ပိုင်းခရီးစဉ်၊ ပဉ္စမနေ့ ( မေလ၊ ၅ရက် ) ၊ မွန်းလွဲ ၂ နာရီတွင်
အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ၊ တွေ့ဆုံ ဆွေးနွေး
အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ရင်းနှီးပွင့်လမ်းစွာ၊ တွေ့ဆုံ ဆွေးနွေး
အခမ်းအနားစီစဉ်သူ ဆရာဦးဘိုဘိုဟန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

No comments:
Post a Comment
wwwwnyinyi@gmail.com