Monday, April 30, 2012

လွှတ်တော်တက်ရောက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား(ဗီဒီယို)


မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့  မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွေမန်းအပါအ၀င် တိုင်းရင်းသားပါတီတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တက်စေလိုကြောင်း ပြောင်းလဲသင့်တာတွေကိုပြောင်းလဲချင်ကြောင်း စာရေးပြီး မေတ္တာရပ်ခံ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ စာသားတွေကို  ညှိနှိုင်းခဲ့စဉ်က ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားကို တစ်ပါတည်း မဆောင်ရွက်နိုင်ခဲ့တာဟာ သူရဲ့ လစ်ဟင်းမှုသာ ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် မေလ ၂ ရက်နေ့ လွှတ်တော်တက်မှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com