Tuesday, May 22, 2012

မန္တလေးမြို့ ယနေ့ည ဒုတိယညအဖြစ် ဆန္ဒပြမှုအနေအထား

Tuesday, May 22, 2012( မန္တလေးမြို့ တွင်လျှပ်စစ်မီးရရှိရေး နှင့်ပတ်သက်သိ ဆန္ဒပြမှု့ ဓါတ်ပုံသတင်းအချို့)


 ၂၆ လမ်းအတိုင်းချီတက်ဆန္ဒပြလာသူအချို့ ဒီနေ့ည ဆိုင်းပုဒ်တွေပါတယ်။ “ဒီမိုကရေစီနောက်မှ လျှပ်စစ်မီးအရင်လာ“
 လိုက်ကြည့်တဲ့ဆိုင်ကယ်တွေများတယ်။
 ဘူတာကြီးရှေ့ရပ်နားစဉ် လိုက်လံကြည့်ရှုသည့် ပရိတ်သတ်မှ လက်ခုပ်တီးအော်ဟစ်အားပေးနေစဉ်

၇၈ လမ်းအတိုင်း ဘူတာကြီးရှေ့ချီတက်သွားကြစဉ် အချိန် ၉ နာရီဝန်းကျင်

မန္တလေးမြို့ ယနေ့ည ဒုတိယညအဖြစ် ဆန္ဒပြမှုအနေအထား

 ***************************************************************************
 ၇၈လမ်း ၂၆လမ်းနှင့်၂၇လမ်းရှေ့တွင် ဆရာတော်ရှင်ဝီရသူမှ ဆန္ဒပြပြည်သူများအား သြ၀ါဒစကားပြောကြားနေကြောင်းသိရသည်။
 ဒုတိယနေ့(၂၁၊ ၅၊ ၂၀၁၂)ည လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု (မန္တလေး)အပေါ် လုံခြုံရေးရဲများ အနီးကပ်စောင့်ကြည့်နေကြစဉ်
(၂၆ လမ်းနှင့် ၆၈ လမ်းထောင့်၊ မန္တလေး၊ ည ၈ နာရီခွဲ၊ (၂၁၊ ၅၊ ၂၀၁၂))

ပထမနေ့ည လှုပ်ရှားမှုတွင် ယခုကဲ့သို့ ရဲလုံခြုံရေးများ ပေါ်ပေါ်ထင်ထင် စောင့်ကြည့်ခဲ့ခြင်းမရှိသော်လည်း ငြိမ်းချမ်းအေးဆေးစွာ ဆန္ဒပြပွဲပြီးဆုံးခဲ့သည်။
 လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှုကိုဒုတိယနေ့ 
 မန္တလေးမြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ငြိမ်းချမ်းစွာ ဖယောင်းတိုင်မီးထွန်းလှုပ်ရှားမှု၏ ဒုတိယနေ့အဖြစ် ယနေ့ (၂၁.၅.၂၀၁၂) ည ၇ နာရီ၌၂၆ လမ်း၊ ၆၈ လမ်းနှင့် ၆၆ လမ်းကြားရှိ စွမ်းဟိုတယ်ရှေ့တွင် စတင် ဆင်နွှဲနေပြီဖြစ်ကြောင်း CJMyanmar က သတင်းရရှိသည်။

အဆိုပါ လှုပ်ရှားမှုကို မနက်ဖန် (၂၂.၅.၂၀၁၂) ည ၇ နာရီတွင်လည်း ၄င်းနေရာ၌ပင် တတိယနေ့အဖြစ် ဆက်လက်ဆင်နွှဲမည်ဖြစ်ကြောင်း အထက်ပါနေရာတွင် ဖြန့်ဝေနေသော အလင်းရောင်အဖွဲ့၏ လက်ကမ်းစာအရ သိရသည်။
၂၀၁၂ခုမေလ၂၀ရက် ၂၁ရက် မန္တလေးမြို့ပြည်သူများ၏ မီးထွန်းဆန္ဒဖော်ထုတ်ပွဲနှင့် ဆက်စပ်၍ ယနေ့၂၂ရက်မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး NLD မှ ဦးဇော်ဝင်းအောင်၊ဦးလှမိုး၊ဦး
ချစ်တင်၊ဒေါ်ခင်သန်းညွှန့်(မန်းတိုင်း NLD ဘဏ္ဍငွေရှာဖွေရေးအဖွဲဝင်)တို့ကို သက်ဆိုင်ရာက ၀ရမ်းမပါဘဲ မန္တလေးတောင်ခြေအနီးရှိ SBရုံးသို့ ခေါ်ယူမေးမြန်လျှက်ရှိကြောင်းသိရသည်။
ထိုသူတို့၏ နောက်ဆက်တွဲအခြေအနေ မသိရှိရသေးပါ။
ယနေ့မနက်ပိုင်းတွင် ယမန်နေ့ညများတွင်ပြုလုပ်ခဲ့သော ၂၄နာရီ လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ပါတ်သက်ခဲ့သူ အချို့အား သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

CJMyanmar

 ***************************************************************************

‎7 minutes ago · 
May 21 , 2012
မန္တလေးတွင်လူဖမ်းပွဲကြီးစနေပါပြီ။ ယနေ.နံနက် ၅း၃၀ ၆း၀၀ လောက်မှစတင်ကာ လျှပ်စစ်မီးရရှိရေးတောင်းဆိုမှုတွင်ဦးဆောင်ပါဝင်ခဲ့သူ ကိုကျော်စွာ (၂၇-၂၈ကြား ၈၃-၈၂)တွင်နေထိုင်သူအပါအဝင် အခြားပုဂ္ဂိုလ်တော်တော်များများကို စ.စ.စ၊ ရဲ ၊စအဖ ပူးပေါင်းအဖွဲ.ဝင်များက နေအိမ်များမှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်နေသောသူများလည်းထွက်ပြေးတိမ်းရှောင်နေရပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com