Tuesday, May 15, 2012

စစ်ကိုင်းတိုင်း မုံရွာခရိုင် အင်တိုင်းတောဒေသ ရေပြတ်လပ်မှု ပြဿနာ

Water_01
အင်တိုင်းတော ၌ ပေ ၆၀၀ ကျော်တူးဖော်မှာသာ ရေထွက်နိုင်ပြီး ရေတွင်းတစ်တွင်း ကုန်ကျ စရိတ်မှာ ဒေသခံများ အနေနှင့် အိမ်ထောင်စုတစ်ခုခြင်းသော်လည်းကောင်း၊ အစုအဖွဲ့ အားဖြင့်သော်လည်းကောင်း လက်လှမ်း မှီခြင်းမရှိပါ။ ထို့ကြောင့် ယာခင်းများကြား ကွက်လက်များကို ကန်များအဖြစ် ပြုပြင် တူးဖော်ထားပြီး မိုးရာသီ၌ မိုးရေသိုလှောင် ကာ သောက်ရေ၊ သုံးရေ ကန်များ အဖြစ်သတ်မှတ် ၍ ဝိုင်းဝန်းသုံးစွဲ ကြပါသည်။ မိုးတွင်းကာလ စုဆောင်း ထားသော ရေ ပမာဏမှာ ၎င်းဒေသအတွက် နှစ်စဉ်လောက်ငှမှု ရှိခဲ့ပါသည်။

တင်ဝင်းထွန်းကုမ္ပဏီ ၌ တောင်သူများ အကူအညီနှင့် တူးဖော်ထားသော စက်ရေတွင်း တစ်တွင်း ရှိပြီး ၎င်း ပတ်ဝန်းကျင် ဒေသအတွက် တစ်ခုထဲသော ရေတွင်းတစ်တွင်းလည်း ဖြစ်ပါသည်။ ရေတွင်းတူးဖော် စဉ်အခါက ဒေသခံ တောင်သူများ နှင့် ကုမ္ပဏီ ဝန်ထမ်းများ သုံးစွဲရန်ရည်ရွယ်ထားကြောင်းပြောဆိုပြီး ရေတွင်းတူးရာတွင် ပူးပေါင်းကူညီကြရန် ပြောဆို အကူအညီတောင်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။ သို့သော် ယခုနှစ်နွေရာသီတွင် ကုမ္ပဏီပိုင်ရေတွင်းရှိရာ ခြံအနီးရှိ ရေကန် တစ်ကန် ကိုသာ ချိုးရေကန်အဖြစ် ချန်လှပ်ထားပြီး ကျန်ရေကန်များမှ ရေသန့်များအား ကုမ္ပဏီမှ စိုက်ပျိုးထားသော သရက်ပင်များကို ရေလောင်းရန် ရေကားဖြင့်စုပ်ယူသုံးစွဲခဲ့ပါသည်။ ကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆိုထားသော တောင်သူများကိုမူ ရေယူခွင့်လက်မှတ်ထုတ်ပေးထားပြီး နေစဉ် သတ်မှတ်ပမာဏ အတိုင်း ရေတွင်းမှ ရေများကို ဝေငှပေးပါသည်။

ကုမ္ပဏီအား ဆန့်ကျင်သူ တောင်သူမိသားစုများကိုမှု ရေပေးဝေခြင်းမရှိပါ။ ထို့ကြောင်း ၎င်း မိသားစုများသည် ခန်းခြောက် ပြီးဖြစ်သော ရေကန်များ၏ အောက်ခြေရှိ ရွံ့ မြေများကို လက်ယက်တွင်း ပုံစံတူး၍ စိမ့်ထွက် လာသော ရွှံ့ ရေများကို ပင် အချိန်များစွာယူ၍ ခံယူစုဆောင်း သုံးစွဲနေရပါသည်။ တောင်သူ မိသားစုများအားလုံး ရရှိနိုင်ရန် ၂၄ နာရီပတ်လုံး အလှည့်ကျ စောင့်ဆိုင်းခပ်ယူနေရကြောင်း တွေ့ ရှိခဲ့ရပါသည်။ ထို့ အပြင် ၎င်း ရွှံ့ ရေများအား အနည်ထိုင်စေရန်အတွက် လည်းအချိန်များစွာ စောင့်ဆိုင်းရပါသေးသည်။ ယခုအခါ ထိုသို့  ရေခပ်ယူရရှိနိုင်သော နေရာ ၂ နေရာထဲ သာကျန်ရှိနေပြီး မကြာခင် ခြောက်သွေ့  သွားတော့မှာ ဖြစ်သည် ။
YYK_01
ဒီလိုရေမျိုးကို သောက်နေရတာပါ(YYK)
အင်တိုင်းတောဒေသတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော သုံးရေ၊ သောက်ရေ ပြတ်လပ်ခြင်းပြဿနာမှာ ရာသီဥတု အခြေအနေကြောင့်မဟုတ်ပဲ ကုမ္ပဏီတစ်ခု၏ အကျိုးစီးပွား လိုအင်ဆန္ဒပြည့်စေရန် ဒေသခံတောင်သူများ ပေါ် အကြပ်ကိုင်ရန် လက်နက်တစ်ခုအဖြစ်သုံးစွဲရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ မြေယာပြဿနာမှာ ဥပဒေကြောင်းအရ ဥပေဒေပညာရှင်များ ၊ လွှတ်တော်အမတ်များ မှ တဆင့် အချိန်ယူဖြေရှင်းရမည် ဖြစ်သော်လည်း ရေပြဿနာမှာမူ လက်ငင်းဖြေရှင်းရန် အရေးတကြီးလိုအပ်ချက်ဖြစ် ပါသည်။

အင်တိုင်းတော ဒေသနှင့် ဆက်သွယ်မှု အနီးဆုံးဖြစ်သည့် မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ မှ အနီးကပ် လုပ်ကိုင် ဆောင်ရွက်ရန် ရှိသည်များကို တာဝန်ယူဆောင်ရွက်ရန် တာဝန်ယူထားပြီး၊ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) မှ မန္တလေးအခြေစိုက် NGO များ၊ ပရဟိတ္တအဖွဲများ နှင့် ဆက်သွယ်လုပ်ကိုင်ရန် တာဝန်ယူဆောင်ရွက်ရန် သဘောတူ ထားရှိပါသည်။ ရန်ကုန်အခြေစိုက် အဖွဲ့အစည်းများ နှင့် အဆက်အသွယ်ကိုမူ ရန်ကုန်အခြေစိုက် ဗကသများ အဖွဲ့ချုပ်မှ တာဝန်ယူရန် သဘောတူညီချက် ရရှိထားပြီးဖြစ်ပါသည်။

လက်တလောကာလ ၌ ဗကသများ အဖွဲ့ချုပ် အနေနှင့် မုံရွာခရိုင်ကျောင်းသားများသမဂ္ဂမှ ဒေသခံ NGO များနှင့် ပူးပေါင်း၍ သောက်သုံးရေ ပံ့ပိုးပေးခြင်းကို ၂၀၁၂ မေ ၁၃ ရက်နေ့ တွင် စတင်ဆောင်ရွက်လျှက် ရှိပါသည်။

ရေတွင်းတူးဖော်လှုဒါန်းလိုသော(သို့မဟုတ်)ရေလှုဒါန်းလိုသော အလှုရှင်များအနေဖြင့်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်း များ အလိုက်ဖြစ်စေ မုံရွာခရိုင်ကျောင်းသားများသမဂ္ဂ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ နှင့် တကသများ ၊ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိးဆော်တိုက်တွန်းအပ်ပါသည်။



ဆက်သွယ်ရန်-

ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)


ကိုရဲရင့်ကျော် ၀၉-၄၉၂ ၈၀ ၁၁၅

ကိုမင်းနိုင်လွင် ၀၉- ၄၃၁၈ ၅၉၄၇

ကိုဝင်းမင်းသန်း ၀၉- ၉၁၀ ၄၄၄ ၃၅

ကိုအောင်ကျော်မိုး ၀၉- ၂၀၁ ၇၃ ၂၉


မန္တလေးခရိုင်


မသီရိနွယ် ၀၉- ၂၀ ၃၀ ၃၂၀

ကိုကောင်းဆက်ဝင်း ၀၉- ၄၉၃ ၁၇ ၄၃၀

ကိုထွန်းထွန်းကျော် ၀၉- ၄၃၀ ၉၁၁ ၆၇


မုံရွာခရိုင်

ကိုနွေဦးကို ၀၉- ၄၃၀၀ ၃၅ ၇၆

ကိုသိန်းသန်းဦး ၀၉- ၄၀၀ ၄၆ ၁၉၀၀

ကိုရဲရင့်ကျော်(မုံရွာ) ၀၉- ၄၀၃ ၇၁၉ ၆၁၇

No comments:

Post a Comment

wwwwnyinyi@gmail.com