
ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂
မြန်မာ့ဂုဏ်ရည်လမ်း သာကေတ မှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ
Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ်
တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ်
၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း
သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ
တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊
မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။
၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး
တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ
ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး
ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။ဒီလိုပြောနေတာဟာ
ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး
ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို
စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို
ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ
သိပါတယ် ။
အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့
ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။
ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ
ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊
မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။
ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....
ဒီစာသားကိုကြည့်လိုက်တာနဲ့
သန်းထွဋ်အောင်ဟာ မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး
သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊
ဒီနောက် သူတိုတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို
အဆက်မပြတ်လိုက်ပါတယ် ၊ တာဝန်ရှိသူတွေ က Customs ဥပဒေအရဆိုပါရင်
သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ
အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို ကားသိမ်းမခံရပဲ
ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို
ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ
ထပ်ထည့်လိုက်ပြန်ပါတယ် ။
Eleven က CEO
သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက်
အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး
အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ
ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။
ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ
တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ္တ့သော
ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့်
ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊
ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ
အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ
အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ ၃
ခါနာဖြစ်သွားတဲ့သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို
အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊
ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ
အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များဖြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို
ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။
ဒီခေတ်မှာမီဒီယာအများစုဟာ
ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ
များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး
သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး
ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို
လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့
မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံးမပုတ်ချင်ရင်
ငခုံးမသန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ်ပစ်ရမယ် ။
ပြည်သူအပေါင်း Eleven ရဲ့ရန်တိုက်ခြင်းဘေးမှ ကင်းဝေးပါစေ
ဒေါက်တာဆိတ်ဖွား
No comments:
Post a Comment
wwwwnyinyi@gmail.com