Tuesday, June 26, 2012

စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

စာတိုလေးအနည်းငယ်ရေးပါရစေ။ အောက်ပါသတင်းထက် သတင်းပါဓါတ်ပုံကို ပိုပြီးစိတ်ဝင်စားပါတယ်။ ဘာကြောင့်လည်းဆို 
၎င်းဓါတ်ပုံပေါ် ကလစ်နှိပ် ၍ ပုံကြီးချဲ့ကြည့်ပါ။ မြင်နေသောသူများဟာ ကျွန်တော်တို့တိုင်းပြည်က လူမျိုးတွေလား၊ ဒီလူမျိုးတွေဘယ်လို ကိုယ့်တိုင်းပြည်ထဲ လာရောက်နေထိုင်နေကြသလည်း။ နောက်ကြောင်းကို လိုက်ကြည့်ပါ။ ဘယ်သူတွေကြောင့် အခုလို ပြသနာတွေဖြစ်ရသလည်း၊ ဒီပြသနာတွေ ကို ဘယ်လိုဖြေရှင်းကြမှာလည်း။ သူတို့တွေကို 
ကိုယ့်တိုင်းပြည်မှာ လက်ခံထားဖို့ ဆိုတာ စဉ်းစားစရာတောင်လိုမယ်မထင်။ ကိုယ့်တိုင်းရင်းသား အမျိုးသမီးကိုစော်ကားသတ်ဖြတ်၊
နောက်ဆက်တွဲ ရွာတွေကို မီးတိုက်၊ လူမျိုးမတူတာတွေ ဒီလိုလက်ခံမထားခဲ့ရင် ဒီပြသနာတွေ ဖြစ်လာစရာအကြောင်းမရှိဘူး။
အများကသမိုင်းဟောင်းကို ပြန်လှန်ကြည့်ကြတယ်။ ကြည့်စရာမလိုဘူး။ အင်္ဂလိပ်နဲ့ပါလာတဲ့ လယ်ကူလီလုပ်တဲ့ကုလားတွေမဟုတ်ဘူး ။လွန်ခဲ့တဲ့ နှစ်တရာပတ်ဝန်းကျင်ကတည်းကနေထိုင်လာတဲ့ကုလားလည်းမဟုတ်ဘူး။ဟုတ်ရင် ဒီကုလားတွေ ရခိုင်စကားမွှတ်နေအောင်ပြောတတ်နေပြီ။ ဒီကုလားတွေဟာ မြန်မာပြည်ခေတ်ပျက်ပြီး စစ်အုပ်စု က အတင်းအားဓမ္မအုပ်တဲ့အချိန်လောက်ကမှ ကိုယ့်တိုင်းပြည်ကို လွယ်ကူစွာခိုးဝင်ပြီးလာနေတဲ့ တဖက်နိုင်ငံက ကုလားတွေဖြစ်တယ်။
အဝေးကြီးရှောက်မတွေးကြနဲ့။ အနောက်ပိုင်းခရိုင်တိုင်းမှုးတွေ၊ လဝက အုပ်ချုပ်ရေးမှုးတွေ ဒါတွေအားလုံးသိတယ်။ရူးချင်ရောင်ဆောင်နေကြတာ။ (ပြည်သူ့အော်သံ)


ကျော်ခ

ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများတွင် ပြည်နယ်အစိုးရနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ (လဝက) တို့ပူး ပေါင်း ကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

“အိမ်ထောင်စုစာရင်းရော မှတ်ပုံတင်ရော စစ်တာပါ၊ ဒီလူတွေကို စိစစ်ပြီး ပြန်သွင်းရမယ့် အခါကြ တော့ သေချာအောင် အဲဒီ အတွက် စစ်တာ ပါ၊မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိတဲ့လူတွေကိုတော့ လဝက အဖွဲ့က သူ့တို့ ဥပဒေအ တိုင်း သူတို့ လုပ်မှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က  ပြောသည်။

ယခုလဆန်းပိုင်းက စစ်တွေမြို့ပေါ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် မြို့ပေါ်ရှိ ဘင်္ဂါလီ များအား ၎င်းတို့အတွက် မြို့ပြင်တွင် သီးသန့်ပြုလုပ်ပေးထားသော သဲချောင်းနှင့် သက်ကယ်ပြင် ကျေးရွာများရှိ ဒုက္ခသည် စခန်းများကို ဒေသဆိုင်ရာ အာဏာပိုင် များက ပို့ ဆောင် ပေးခဲ့သည်။ ထိုစခန်းများတွင် စုစုပေါင်း ဒုက္ခသည် ၃ သောင်းကျော်ရှိကြောင်း သိရသည်။

အလားတူ မကြာမီရက်ပိုင်းအတွင်းကလည်း စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂါလီလူမျိုးများ နေထိုင်ရာအိမ်များကို အာဏာ ပိုင် များ က အိမ်ထောင်စုစာရင်းများ ဝင်ရောက်စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန်အတွက် ဘင်္ဂါလီများကို မြို့ပြင်ရှိ စ ခန်း များသို့ ခေါ်ဆောင်သွားကြောင်း စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော် က ပြောပြ သည်။

“ဒီစစ်တွေမြို့ပေါ် သူတို့နေတဲ့ ရပ်ကွက်က အိမ်တွေမှာဆို အိမ်ရှင်မဟုတ်ဘဲ ဧည့်သည်အဖြစ်နဲ့ ဟို က၊ ဒီကနေလာပြီး စုနေတဲ့ လူတွေ အ များ ကြီးရှိတယ်၊ ကျနော်တို့ သိတဲ့ အိမ်တအိမ်မှာဆိုရင်တောင် တအိမ်တည်း လူ ၇၀ လောက်ကို ရှိနေတာ၊ မြို့ပေါ်မှာ မီးရှို့တာ၊ အကြမ်း ဖက်တာတွေဖြစ်တော့ အစိုးရက စစ်လို့ဆေးလို့ မရတော့တဲ့ အတွက်ကြောင့် အိမ်ထောင်စု စာ ရင်းတွေစစ်ပြီး အထောက် အထား မရှိတဲ့ လူ တွေကို ဒုက္ခသည်စခန်းတွေကို ပို့တာပေါ့”ဟု ဦးအောင်မြကျော် က ပြောသည်။

ရခိုင်ပြည်နယ် အခြေစိုက် မြန်မာ မွတ်စလင် အိုလမာ အဖွဲ့ချုပ် တာဝန်ရှိသူ ဦးစိန်ဝင်းကလည်း“ဆွေမျိုးသားချင်းတွေ၊ အိမ်နီးနားချင်း တွေ အိမ်ကိုရောက်နေတဲ့ လူတွေကို ပြောင်းရွှေ့ပြီးတော့ တပ်က ပို့ပေးနေတယ်လို့ သတင်းရပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့ကြီးက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂို လ် မစ္စတာ ဘီဂျေ နမ်ဘီယာ လာရောက်စဉ် တွေ့ဆုံခဲ့ကြပြီးနောက် ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေး ကော်မတီအဖွဲ့ကိုဖွဲ့စည်း ခဲ့ သည်။

ထိုအဖွဲ့က ဒုက္ခသည်စခန်းများကို ဆေးဝါး၊ အဝတ်အထည်၊ စားသောက်ကုန်နှင့် ဆန်များ သွားရောက် လှူဒါန်းပေးရန် အဆင်သင့်ဖြစ် နေပြီ ဖြစ်ကြောင်း အစိုးရ၏ ခွင့်ပြုချက်ရသည်နှင့် ဒုက္ခသည်များထံ တိုက်ရိုက် သွားလှူမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့လည်း အလှူငွေတွေစုပြီးတော့ အားလုံးကို သွားပြီးလှူဒါန်းဖို့ ရှိပါတယ်။ မွတ်စလင် ဒုက္ခ သည် အရေအတွက်ကတော့ အတိအကျ ကျနော်တို့ဆီကို သတင်းမရောက်သေးပါဘူး ခင်ဗျ”ဟု ရခိုင်ပြည်နယ် ဒုက္ခသည်များ ပံ့ပိုးကူညီရေး ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးကိုကို လတ် က ပြောသည်။

အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခိုလှုံနေရသူ ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း အစိုးရတာဝန်ရှိသူများက ပြောဆို သော် လည်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့(WFP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တို့က စုစုပေါင်း ဒုက္ခသည် ဦးရေ ၉၀၀၀၀ ခန့် ရှိ ကြောင်း စာရင်း ဖော်ပြခဲ့သည်။

ဇွန်လ ၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦးရှိသွားပြီဖြစ်ပြီး အများစု မှာ ရခိုင်လူမျိုးများဖြစ်ကြသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com