ဒီနေ့ ILO ကွန်ဖရင့်စ်ကို အချိန်ပေးပြီး
စောင့်ကြည့်ခဲ့ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ၊
တဆက်တည်းဆိုသလိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုကြည့်ခဲ့ပါတယ် ၊ သတင်းစာရှင်းလင်းပွဲမှာ
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဆိုတာ လက်ခံပါသလားဆိုပြီး
သတင်းထောက်တစ်ယောက်ကမေးတယ်
၊နောက် တစ်ယောက်ကျော်မှာပဲ နောက်သတင်းထောက်တစ်ယောက်က ခုနမေးခွန်းကိုပဲ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားပါသလည်း လို့ထပ်မေးပြန်တယ် ၊ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်း ၂ခုလုံးကို Rule of Law အတိုင်းသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။ ပါးနပ်တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ အဖြေမျိုးပါပဲ ကောင်းပါတယ် ၊ ရင်ထဲကိုတော့လာမထိပါဘူး ။

နောက် ၀န်ကြီးဦးအောင်ကြည်နဲ့
သတင်းထောက်တစ်ယောက်အမေးအဖြေတွေကြည့်လိုက်ပါတယ် ၊ အစိုးရရဲ့
ပြောနေကျစကားတွေအတိုင်းပဲ ၀န်ကြီးက ထိန်းထိန်းသိမ်းသိမ်း ဖြေသွားပါတယ် ၊
ဝန်ကြီးရဲ့အဖြေတွေလည်း ကောင်းတာပါဘဲ ၊ ဒါပေမယ့် ရင်ထဲကိုတော့လာမထိပါဘူး ။
No comments:
Post a Comment
wwwwnyinyi@gmail.com