
ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမိုင်း ၀င် ပြင်သစ် ခရီးစဉ်ကို ယနေ့နေ့ လည်ပိုင်းတွင် အင်္ဂလန် နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြုမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်သော နိုင်ငံတော်ဧည့်သည်အဖြစ်ကြိုဆိုဂုဏ်ပြုမှာဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက
ကြေညာထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံမှာ(၃)ရက်ကြာနေထိုင်ပြီး ပဲရစ်မြို့တော်ဝန် Bertrand Delanoeက ဂုဏ်ထူးဆောင်ပြင်သစ်နိုင်ငံသားဆုကိုပေးကို ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးLaurent Fabiusနှင့် သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။
၁၃ရာစုနှစ်စတင်တည်ထောင်ခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့နာမည်ကျော် Sorbonne တက္ကသိုလ်မှာ ပြင်သစ်ကျောင်းသား/သူများနှင့်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းကြည်က ဟောပြောပို့ချမှာဖြစ်ပါတယ်။
Aung Pan - Facebook
No comments:
Post a Comment
wwwwnyinyi@gmail.com