မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ရာခိုင်နှုန်း ၉၀ ယုံကြည်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် ရုပ်သံတစ်ခုမှ တာဝန်ရှိသူပြောကြား
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ရာခိုင်နှုန်း ၉၀ ယုံကြည်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် Mainichi Broadcasting System, Inc. တာဝန်ရှိသူ တစ်ဦးဖြစ်သူ Mr.Makoto Yamanaka က မြန်မာပို့စ်သို့ ပြောကြားသည်။
ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားသည့် အဆိုပါရုပ်သံဌာနသည် ရန်ကင်မြို့နယ်ရှိ မြန်မာပို့စ်ဂျာနယ်ရုံးသို့ လာရောက်လေ့လာပြီး ဂျပန်နိုင်ငံတွင် ထုတ်လွှင့်ပြသရန်
ရုပ်သံရိုက်ကူးမှုများ ပြုလုပ်ပြီးနောက် မြန်မာပို့ဂျာနယ်၏ မေးမြန်းမှုကို အဆိုပါရုပ်သံ၏ တာဝန်ရှိသူက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှုအပေါ် ရာခိုင်နှုန်း ၉၀ ယုံကြည့်ပါတယ်။ ဒီမှာလုပ်နေတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလည်း မြင်နေရတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ရာနှုန်းပြည့်ယုံကြည်နိုင်မယ့် အခွင့်အလမ်းတွေ အမြန်ဆုံးဖြစ်ပေါ်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် ဂျပန်နိုင်ငံက အားပေးနေပါတယ်။ လက်ရှိအချိန်ထိ ရာနှုန်းပြည့် မယုံကြည်သေးတာက လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုရာခိုင်နှုန်း မြင့်မားခြင်းနဲ့ ယူနီဖောင်းပြောင်းလဲမှု အချို့ရှိတယ်ကို ကျွန်တော်တို့ သိနေပါတယ်။ ဒါကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့၊ နိုင်ငံတကာမှာ ပြယုဂ်ကောင်းဖို့ ဟန်ပြလုပ်ဆောင်နေတာလားဆိုတာကို အလေးထားစောင့်ကြည့်နေပါတယ်။ ဒါပေမယ့် ဒါဟာ ဖြစ်နိုင်ချေအလွန်နည်းပါတယ်။ အပြောင်းအလဲကို ရာခိုင်နှုန်း ၉၀ ယုံကြည်ပြီး ကျန်တဲ့ ၁၀ ရာခိုင်နှုန်းဘက်သို့ တိမ်းစောင်းမသွားစေဖို့ ရှေ့မှာ မျှော်လင့်နေပါတယ်” ဟုအဆိုပါ ရုပ်သံ၏ Department of Radio & TV Announcer မှ တာဝန်ရှိသူ Mr.Makoto Yamanaka ကပြောကြားခဲ့သည်။
အဆိုပါရုပ်သံဌာနသည် မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့်တိုးတက်လာခြင်းအပေါ် ရုပ်သံအစီအစဉ်တစ်ခုရိုက်ကူးရန် မြန်မာပို့စ်ဂျာနယ်ရုံးသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖြိုးမောင်မောင်

No comments:
Post a Comment
wwwwnyinyi@gmail.com