
- 07 Jun 2012
- By ရိုးရာလေး
စတင် ထုတ်ဝေပါမည်။ငွေစက္ကူကိုပြည်သူများအား ဘဏ်ဖွင့်ချိန်အတွှင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွှင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွှင် လည်းကောင်း ထုတ်ပေးပါမည်။
လက်ရှိ တရားဝင် လှည့်လည် သုံးစွှဲလျက် ရှိသော ငငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။
ငွေစက္ကူ အသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
- အရွယ်အစား-၁၅x၇ စင်တီမီတာ
- ပေါ်လွှင်သောအရောင် -အပြာရောင်
- မျက်နှာစာဘက်
ထိပ်ပိုင်းတွှင် "မြန်မာနိုင်ငံတော်
ဗဟိုဘဏ်" စာတမ်း ရိုက်နှိပ် ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ
မြန်မာ နိုင်ငံတော် မြေပုံ၊ ၎င်းကို ၀န်းရံထားသော သပြေခက် နှစ်ခက်၊
မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော်
နှစ်စီးနှင့် ထိပ်တွင်ကြာဖြူတစ်ပွှင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ
တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ
စာတန်း"တစ်သောင်းကျပ်" ကိုလည်း ရိုက်နှိပ်
ထားပါသည်။ လက်ယာ ဘက်ပိုင်းတွှင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်
များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွှင် ငွေစက္ကူ တန်ဖိုးကို
ဂဏန်း များဖြင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ်
နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွှင် ကြာဖြူ ပွင့်ပုံ
ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေးကြိုးတစ်ချောင်း ကို ဒေါင်လိုက်
ထည့်သွင်းထားပါသည်။
ကျောဘက်

ထိပ်ပိုင်းတွှင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွှင် ရတနာပုံ မန္တလေး နန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားပါသည်။ ဘေးဘောင်များတွှင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့် သုံးထောင့်တွှင် ငွေစက္ကူ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ် ထားပါသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com