Wednesday, July 4, 2012

ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း

ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း
မြန်မာ ဗမာ အသုံးအပေါ် မှတ်ချက်ပေးပြောကြား
 ဇူလိုင်လ ၃ ရက် ၂၀၁၂
  
(၁၇) ရက်ကြာသွားရောက်ခဲ့သော ဥရောပ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ ဇူလိုင်လ ၃ ရက်  နံနက် ၉ နာရီခွဲက အမျိုးသားဒီမိုကရေစီအဖွဲ...့ချုပ်ရုံးမှာပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မိမိရောက်ရှိခဲ့သော ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ်  စိတ်ဝင်တစားရှိကြပြီး ယင်းလမ်းကြောင်းပေါ်ရောက်ရှိရန်ကူညီမှုများပြုလုပ်မည်ဟု  ဆိုကြောင်း ၊ မြန်မာနိုင်ငံတိုးတက် ကြီးပွားစေချင်သည့် စိတ်စေတနာ အပြည့်အ၀ရှိသည်ကိုတွေ့ရှိခဲ့ရကြောင်း ပြောကြားသည်။

ယင်းနောက်သတင်းထောက်များမှ သိလိုသည်များမေးမြန်းရာတွင် ရွေးကောက်ပွဲကော်မရှင်က သတိပေးထားသော ““ မြန်မာ”” ““ ဗမာ”” အသုံးအနှုန်းနှင့်ပတ်သက်ပြီး မေးမြန်မှုကို ပြန်လည်ဖြေကြားရာတွင် ဥရောပတွင်လည်း United Kingdom နိုင်ငံကို အင်္ဂလန်ဟု ပဲခေါ်ဆိုကြကြောင်း၊ ပြင်သစ်နိုင်ငံကိုလည်း လာမွန်တေးဟု မခေါ်ဘဲ ပြင်သစ်နိုင်ငံဟုပဲခေါ်ကြောင်း၊ ယင်းကဲ့သို့ပင် မြန်မာ၊ ဗမာ အခေါ်အဝေါ်မှာ ပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ ယင်းသည်
ဒီမိုကရေစီ၏ အခြေခံသဘောတရားနှင့်သက်ဆိုင်ကြောင်း၊
ဒီမိုကရေစီကို ယုံကြည်သူတစ်ယောက်အနေဖြင့် မိမိနှစ်သက်ရာကို ခေါ်ခွင့်ရှိသည်ဟု ယူဆမိကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com