
“ဒီနေ့မနက် မောင်တောကို ကင်တာနား ရဟတ်နဲ့ ရောက်လာတယ်။ မြို့ကိုပတ်ပြီး ဒုက္ခသည် စခန်းကို လာတွေ့တယ်။ ကျနော်တို့က သူရဲ့ ခရီးယာဉ်တန်းကို ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြကြတယ်လေ ငြိမ်းငြိမ်းချမ်းချမ်းပါဘဲ” ဟု ဆိုပါသည်။
ဒေသခံများ၏ တောင်းဆိုချက်များမှာ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို လေးစားရန်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို လေးစားရန်နှင့် မျှမျှတတ ဆက်ဆံရန်တို့ဖြစ်ပါသည်။
မောင်တောမြို့၏ ဒုက္ခသည် စခန်းသည် အောင်မြေဗောဓိ သာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်း၌ ထားရှိပါသည်။ ဤ ကျောင်းသည် ပြည်ပ NGO များနှင့် UN မှ ထောက်ပံ့သော အကူအညီများကို သပိတ်မှောက်ထားပါသည်။ ၄င်းအဖွဲ့များတို့ သည် အကူအညီဟူသော ခေါင်းစဉ်ဖြင့် ၀င်ရောက်လာပြီး လက်တွေ့၌ ဘင်္ဂါလီများအတွက်သာလျှင် ကူညီသွားခဲ့သည်ဟု စွပ်စွဲထားပါသည်။
မောင်တော အရေးအခင်း၌လည်း UN နှင့် INGO အဖွဲ့များ၏ ပရောဂကြောင့် ဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာမှ ထိန်းသိမ်းစစ် ဆေးနေမှုများလည်း ရှိခဲ့ပါသည်။ ထို့အတူ ရိုဟင်ဂျာ နာမည်ဖြင့်ပြည်တွင်း လူမျိုးစုတခုအဖြစ် အသိအမှတ်ပြုပေးရန် UN က တောင်းဆိုထားခြင်းကြောင့် ရခိုင် တိုင်းရင်းသားများက ယခုကဲ့သို့ UN ကိုယ်စားလှယ် တဦး၏ ခရီးစဉ်၌ တောင်း ဆို ဆန္ဒပြ ရခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက ဆိုပါသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com