Sunday, August 26, 2012

အေးရှားဝေါဆိပ်ကမ်းရှေ့မှ လူအများစုရုန်းမှုကြောင့် (၅)နာရီအကြာယာဉ်ကြောပိတ်ဆို့မှုဖြစ်


စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup on 25 Aug, 2012

ရန်ကုန်မြစ်အတွင်း စီးဝင်နေသော ပင်မမြောင်းကြီးတစ်ခု ပိတ်ဆို့မှုနှင့်ပတ်သက်၍ အေးရှားဝေါကုမ္မဏီ အရှေ့တွင် သြဂုတ်လ (၂၄)ရက်နေ့ကလူ(၃ဝဝ)ကျော်စုရုန်းခဲ့ကြပြီး ထက်ကြည်မြင်တိုင်လမ်းနှင့်အောက်လမ်းရှိယဉ်ကြော များ (၅)နာ ရီကျော်အကြာ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ကွန်တိန်နာများ အတင်အချပြုလုပ်ရာ အေးရှားဝေါဆိပ်ကမ်းရုံးဝင်းအောက်ခြေရှိ ရေမြောင်းကြီးပိတ်ဆို မှုနှင့်ပတ်သတ်ပြီး ကြည်မြင်တိုင်နှင့်အလုံမြိုနယ်များမှ ဒေသခံများက စုဝေးကာ ယာဉ်သွားလာမှုကို ပိတ်ဆို့ဖြတ်တောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
''ကျွန်တော်တို့  လမ်းပိတ်ဆို့ ထားတာပာာ နိုင်ငံရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ဆင်းလာစေချင်လို့ ပါ။ အေးရှားဝေါ အကျိုးစီးပွားအတွက် ကျွန်တော်တို့ ဘယ်လောက် နစ်နာနေသလဲဆိုတာ သိစေချင်လို့ ပါ။''ပာုကြည်မြင်တိုင်မြို့ စဉ့် အိုးတန်းရပ်ကွက်မှ ကိုအောင်ကျော်ဦးက ပြောသည်။
အောက်ကြည့်မြင်တိုင်လမ်းမှ ကားပိတ်ဆို့မှုကြောင့်အထက်လမ်းသို့တက်ရောက်သွားခဲ့သော ကားများကြောင့် အထက်လမ်းတွင်လည်းကားကြပ်ကာ ယာဉ်ကြောပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကားလမ်များသည် ညနေ (၃)နာရီခွဲဝန်းကျင်မှပိတ်ဆိုမှုစတင်ခဲ့ခြင်းဖြစ်ပြီး ည(၈)နာရီခွဲအထိ ယာဉ်များရပ်တန့် ထားရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
''ကျွန်တော် ည၃နာရီ ခွဲကတည်းက ဈေးပောာင်းရှေ့ ရောက်နေတာ။ ၃ကြောင်းပဲဆွဲရသေးတယ်။   အခုတော့ ဒီရောက်နေတာ ၄နာရီ လောက်ရှိပြီ။ နာရီခွဲဆိုကားအပ်ရတော့မယ် သွားပါပြီဗျာ။'' ပာု ၁၉၉ ယဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။
အေးရှာဝေါဆိပ်ကမ်းအနေဖြင့်  ရန်ကုန်မြစ်အတွင်းစီးဝင်နေသောရေမြောင်းကြီးအား ပေ၂ဝ ကျော်ခန် ကွန်ကရစ်လောင်းကာ ဖုံးအုပ်ခဲ့ခြင်းကြောင့် သြဂုတ်လ (၂၂)ရက်နေ့စတင်ကာ မိုးကြီးချိန်တွင် မြောင်းရေ စီးဆင်းမှုအားကောင်းချိန်၌မြောင်းရေပြည့်လျှံပြီး ရပ်ကွက်များအတွင်းရေဝင်ကာ ရပ်ကွက်နေ ပြည်သူများနှင့် ဈေးသည်များနစ်နာမှုရှိကြောင်းသိရှိရသည်။
အဆိုပါရေကြီးရေလျှံမှုမှာ (၂၄)ရက်နေ့ရောက်သည့်တိုင် ဖြစ်ပွား နေဆဲဖြစ်သဖြင့် ယခုကဲ့သို့ လူစု၍အေရှားဝေါရှေ့တွင်   တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
''ကျွန်တော်ရန်ကုန်မှာ နေလာတာ အနှစ်(၄ဝ)ဆယ်ရှိပြီ။ တစ်ခါမှဒီမှာ ရေကြီးတာမတွေ့ဖူးဘူး၊ အေးရှားဝေါ လုပ်မှဘဲ မြင်တွေ့ရတော့တယ်'' ပာုကြည်မြင်တိုင်နေပြည်သူတစ်ဦးက ပြောသည်။
ထိုသို လူအများစုရုံးကာတောင်းဆိုမှုကြောင့်  အေးရှားဝေါ ကုမ္ပဏီအနေဖြင့်ထိုမြောင်းအဖုန်း ကွန်ကရစ်အား ည (၇)နာရီခန့် တွင် ပြန်လည်ဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
" ကျွန်တော်တို ကုမ္ပဏီက ဒီမြောင်ကြီးထဲ လူတွေပြုတ်ကျမှာဆိုလိုအဖုံးအုပ်ခဲ့တာပါ၊  အခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး'' ဟု အေးရှားဝေါကုမ္ပဏီမှအမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုမြောင်းအဖုံးအား အေးရှားဝေါကုမဏီမှ သံပြားများဖြင့် ခြံစည်းရိုးကာ၍ပြုလုပ်ခဲ့ခြင်းကြောင့် ရပ်ကွက်နေ ပြည်သူများကပင် မည်သည့်အချိန်တွင်ပြုလုပ်ခဲ့သည်ကို မသိရှိခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
 ''ဒီမြောင်းကြီးက ဒီအဖုံးတွေ ဖယ်ရုံနဲ့ မပြီးနိုင်ပါဘူး။ သူတို့ဆောက်ထားတဲ့ လမ်းတွေ အထဲက   ရန်ကုန်မြစ် ထဲကို   ရေဆင်းပေါက်တွေမှာတိုင်တွေထောင်ထားတော့ ရေထွက်ဖို့ ခက်နေတာ။''ဟု စဉ်အိုးတန်းလမ်းနေအငယ်တန်း အင်ဂျင်နီယာတစ်ဦးဖြစ်သူ ကိုကျော်ကိုကိုက ပြောသည်။
အဆိုပါရေကြီရေလျှံမှုကြောင့်သိရိမင်္ဂလာဈေးအပောာင်းရှေ့ရှိ ဈေးငယ်မှဈေးသည်အယောက် (၄ဝ)ခန့်  နစ်နာခဲ့သလို အိမ်ဆိုင်များတွင်လည်း ကုန်ပစ္စည်းဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ဈေးသည်များထံက သိရသည်။
''ကျွန်မတို ဈေးသည်တွေ အထိနာတာပါ။ ကျွန်မဆိုင်က ဆန်ဆိုင်ဆိုတော့ရေတွေဝင်ပြီ ဆန်အိတ် တွေ ပျက်စီးသွားတယ်'' ပာု အဆိုပါပတ်ဝန်းကျင်တွင်ဆန်ဆိုင်ဖွင့်ထားသော အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ လူအများစုရုံမှုသို့  အာဏာပိုင်များမှ ဝင်ရောက်ဖြေရှင်းမှုမပြုခဲ့ပဲ ည(၈)နာရီခန့် တွင် ယာဉ်ထိန်းရဲ နှစ်ဦး ရောက်လာကာ  ယာဉ်ကြောဖြေရှင်းရန် မလွယ်သဖြင့် ပြန်လည်ထွက်ခွာသွားသည်ကို တွေ့ရသည်။
အဆိုပါ မြောင်းကြီးပိတ်ဆို့နေခြင်းကြောင့်  သြဂုတ်လ ၂၂ရက်နေ့ကလည်းနာရီအနည်းခန့် ရက်ကွက်နေ ပြည်သူများမှာ ဆန္ဒထုတ်ဖော်ခဲကြောင်း သိရသည်။
 

No comments:

Post a Comment

wwwwnyinyi@gmail.com