Sunday, August 19, 2012

ကိုင်ရိုမြို့ရှိ မြန်မာသံရုံးနှင့်သံတမန်ဝန်ထမ်းများအား ထပ်မံတိုက်ခိုက်မှုမဖြစ်ပွားစေရေးအတွက် ထိရောက်စွာအကာအကွယ်ပေးရန် အီဂျစ်အစိုးရကိုတောင်းဆို





အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာ သံရုံးနှင့် သံတမန်ဝန်ထမ်းများအား ထပ်မံတိုက်ခိုက်မှုမဖြစ်ပွားစေရေးအ တွက် ထိရောက်စွာအကာအကွယ် ပေးရန် မြန်မာအစိုးရက အီဂျစ်အစိုး ရကိုတောင်းဆိုလိုက်ကြောင်း နေ ပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာ နမှသိရသည်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကိုင်ရိုင်မြို့ ရှိ မြန်မာသံရုံးရှေ့၌ ဗလီဆရာများ ဦးဆောင်သည့် ဆန္ဒပြသူအချို့သည် မြန်မာနိုင်ငံဆန့်ကျင်ရေး ဟောပြော မှုများပြုလုပ်ရာ မွန်းလွဲ ၃ နာရီခန့် တွင် လူစုသည် ၂၀၀ ဦးခန့်ဖြစ်လာ ကြောင်း၊ ယင်းတို့အနက် သွေးဆူ လာသူ ငါးဦးခန့်သည် သံရုံးပရ၀ုဏ် အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ  လွှင့်ထူထားသည့် မြန်မာနိုင်ငံတော် အလံအားဖြုတ်ချပြီး သံရုံးဝန်းအ ပြင်ဘက်သို့ယူဆောင်၍ အလံတော် အား ခြေထောက်ဖြင့် နင်းချေမီးရှို့ ခဲ့ကြောင်း၊ အဆိုပါဆန္ဒပြမှုသည် အ ကြမ်းဖက်မှုအသွင်ဆောင်လာပြီး ထိန်းမရသိမ်းမရအခြေအနေဖြစ် လာသည့်အတွက် အီဂျစ်လုံခြုံရေး တပ်ဖွဲ့များက ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ခဲ့ရကြောင်း၊ ယင်းနေ့ည နေပိုင်းတစ်လျှောက်လုံးတွင် သံရုံး ၀န်ထမ်းများသည် အကြမ်းဖက်သူ များ၏ ခြိမ်းခြောက်နှောင့်ယှက်မှု များကို ဆက်တိုက်ကြုံ့တွေ့ခဲ့ရ ကြောင်း၊ သို့ဖြစ်၍ သြဂုတ် ၈ ရက် တွင် ရန်ကုန်မြို့ရှိ အီဂျစ်အာရပ် သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာ ၀န်ခံအား နေပြည်တော်သို့ဆင့် ခေါ်ကာ အထက်ပါဖြစ်စဉ်နှင့်ပတ် သက်ပြီး ကန့်ကွက်စာပေးပို့ခဲ့ ကြောင်းသိရသည်။
အဆိုပါကန့်ကွက်စာသည် အ ကြမ်းဖက်မှုကြောင့် ကိုင်ရိုမြို့ရှိ မြန် မာသံရုံးဝန်ထမ်းများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သံရုံးပရ၀ုဏ်လုံခြုံ ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာ နက အလွန်စိုးရိမ်ပူပန်လျှက်ရှိ ကြောင်း၊ အီဂျစ်အာဏာပိုင်များအ နေဖြင့် မြန်မာသံရုံးပရ၀ုဏ်နှင့် သံ တမန်ဝန်ထမ်းများအား ဆန္ဒပြသူ များက ထပ်မံတိုက်ခိုက်မှုမဖြစ်ပွား  စေရေးအတွက် လိုအပ်သည့်လုံခြုံ ရေးအစီအမံများဖြင့် ထိရောက်စွာ ကာကွယ်ပေးရန်နှင့် သံရုံး၏လုပ် ငန်းတာဝန်များကို ငြိမ်းချမ်းစွာပုံမှန် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အရေးယူပေးရန် အလေးအနက် တိုက်တွန်းကြောင်းဖော်ပြထားသည်။
ထို့အပြင် သံတမန်ဆက်ဆံ ရေးနှင့်စပ်လျဉ်း၍ ဗီယင်နာကွန်ဗန်း ရှင်း၏ အပိုဒ် (၂၂) အရ အီဂျစ်အာ ရပ်သမ္မတနိုင်ငံအစိုးရအနေဖြင့် အ လားတူဖြစ်စဉ်မျိုး နောင်တွင်ထပ်မံ ဖြစ်ပွားခြင်းမရှိစေရေးအတွက် လို အပ်သည့် အစီအမံများ ပြုလုပ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် သြဂုတ် ၁၀ ရက်တွင် အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ တရားဝင်သတင်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ဖြိုးမောင်မောင်

No comments:

Post a Comment

wwwwnyinyi@gmail.com