
မြန်မာတပြည်လုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုဟာ တနေရာတည်းမှာ ဖြစ်နေတာ
မဟုတ်ပါဘူး၊ နေရာအနှံ့မှာ ဖြစ်နေတာပါ။ ဒါဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လို့
လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဟာ တပြည်လုံးမှာ ရှိနေတာပါ။ ဒီကိစ္စမှာတော့
လူ့အခွင့်အရေးတည်း ဆိုတဲ့ ရှုထောင့်တခုတည်းက ကြည့်လို့ လုံးဝ
မလုံလောက်ပါဘူး၊ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းကြောင်း၊ ကျနော်တို့
တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော်ဝင်ရောက်နေမှုတွေ၊
အဲ့ဒီမှာလဲ မတရားသဖြင့် ကျနော်တို့ဆီက အကျင့်ပျက်နေတဲ့ ၀န်ထမ်းတွေကြောင့်
တချိန်တုန်းက ၀င်ရောက်လာမှုတွေ ရှိသလို၊ နည်းလမ်းပေါင်းစုံနဲ့
ဝင်ရောက်နေမှုတွေလဲ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား
အကျိုးစီးပွားအတွက်ရယ်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေရယ်၊
တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေရယ် အားလုံးခြုံပြီး ကြည့်ရပါမယ်။ ပြဿနာက
အင်မတန် သိမ်မွေ့ပါတယ်လို့ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ဒေသတွင်း
ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်က သူ့ရဲ့သဘောထားကို အခုလို ပြောကြားလိုက်ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com