Saturday, September 22, 2012

(စက်တင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး(ဓါတ်ပုံသတင်း)များ(မြတ်လေးငုံဘလောက်မှ)

ဒေါ်စုနဲ့ ကုလအတွင်းရေးမှုးချုပ် တွေ့ဆုံ

 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ သီးခြားတွေ့ဆုံခဲ့စဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့ကြောင်း ။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ အမေရိကန်စံချိန် ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာပဲ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အတွင်းရေးမှုးချုပ်နဲ့ အတူ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေးနမ်ဗီးယား နောက် ကုလအတွင်းရေးမှုးချုပ်ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပါတယ်။

ယနေ့ ဆန္ဒပြသူများအား အရေးယူမည်

ယနေ့ ဆန္ဒပြသူများအား အရေးယူမည် တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက  သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်၊ (ဓါတ်ပုံ-YPI)

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြ(သတင်းဗီဒီယို)

   ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံး စစ်ပွဲရပ် ဟု အမည်ပေးထားသည့် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ပွဲနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဒီကနေ့ မနက် ၁၀း၃၀ နာရီခွဲ အချိန်မှစတင်၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြို့တော်ခန်းမမှ စတင်ကာ မဟာဗန္ဓုလပန်းခြံမှ စတင်ကာ ဗိုလ်တထောင်ဘုရားသို့ စီတန်းလမ်းလျှောက်ကြပါသည်။ အဲ့ဒီကမှတဆင့် ယုဇနပလာဇာရှေ့မှ တာမွေ အ၀ိုင်းထိပ်သို့ ဆက်လက် ချီတက် လမ်းလျှောက်သွားကြပါသည်။

Thursday, September 20, 2012

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင်

ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
  တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအဖွင့်မိန့်ခွန်း

အခုလို ထူးခြားပြီး အထူးသဖြင့် အခွင့်အလမ်းရှိတဲ့ အခြေအနေတစ်ရပ်မှာ (USIP-U. S. Institute of Peace) မှာ ပြန်လာတွေ့ရတဲ့အတွက် အံ့သြ၀မ်းသာစရာဖြစ်ပါတယ်။
 USIP ကိုရော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ ဂျင်မ်မာရှယ်ကိုရော ကျေးဇူးတင်ချင်ပါတယ်။ ရှင်နဲ့အတူ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကျွန်မတို့ အသေအချာ ရှုမြင်ထားပါတယ်။

Saturday, September 15, 2012

ကြေးနီစီမံကိန်း ဆန္ဒပြသူများ လွတ်မြောက်

မုံရွာမြို့နားက လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုဝေဠု အပါအဝင် ဆန္ဒပြသူလေးဦးစလုံး ဒီကနေ့ ပြန်လွတ်လာပါပြီ။ သူတို့ပြန်လွတ်လာလာခြင်းမှာပဲ ကြိုဆိုသူတွေရော လွတ်လာသူတွေရော ဒီစီမံကိန်းကို ရပ်တန့်ဖို့အတွက် ဆက်ပြီး ဆန္ဒပြ တောင်းဆိုမူ လုပ်ပါတယ်။
မုံရွာထောင်ကြီးအချုပ်ကနေ ပြန်လွတ်လာသူတွေနဲ့ အတူ ပါလာတဲ့ ဒေသခံရွာသားတွေဟာ စက်တင်ဘာ ၁၄ရက်နေ့မှာ ဆန္ဒပြနေတဲ့ တုံရွာမှာ စုစည်းပြီးလက်ပန်းတောင်းတောင် ကြေးနီတောင် စီမံကိန်းရပ်တန့်ရေး ကို ဆက်လက် ဆန္ဒပြ တောင်းဆိုနေကြတယ်လို့လည်း ဆိုပါတယ်။

Friday, September 14, 2012

လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။


လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။

တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းဖို့ ၂၆ ရွာ ဆန္ဒပြတောင်းဆို

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလုံးဝရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြနေကြသူများ ( ၀၉/၁၂/၁၂။)
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြမှုတွေကို ဆက်တိုက်ဆောင်ရွက်နေတဲ့ ရွာပေါင်း ၂၆ ရွာက ရာနဲ့ ချီတဲ့ ဒေသခံတွေဟာ ဆယ်တဲရွာမှာ လူထုအစည်းအဝေးပွဲလုပ်ပြီးတော့ ရွာသားတွေအနေနဲ့ နစ် နာကြေးကို မလိုချင်တဲ့အကြောင်း၊ စီမံကိန်းရပ်တန့်ဖို့ကိုပဲ လိုလားကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီကြေးနီတောင် စီမံကိန်းကြောင့်မို့လို့ လယ်မြေဆုံးရှုံးမှုတွေ၊ ရွာတွေ ပြောင်းရွှေ့ခံရတာတွေ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဖြစ်ရတာကို မကျေနပ်ကြတဲ့ ဒေသခံတွေက ဆန္ဒပြ တောင်းဆိုနေကြတာပါ။

Tuesday, September 4, 2012

သမ္မတကို ထောက်ခံမှု တားမြစ်ခံရသော်လည်း ဆန္ဒဆက်ဖေါ်ထုတ်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေး ပြောဆိုခဲ့မှုကို ထောက်ခံကြောင်း မန္တလေး လူထုနှင့် သံဃာတို့ ဒုတိယနေ့ ဆန္ဒထုတ်ဖေါ်မှု တားမြစ်ခံ ရသော်လည်း ဆက်လက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖေါ်မှု ဒုတိယနေ့ ဖြစ်သော တနင်္လာနေ့တွင် သံဃာ အပါး ၁ဝဝ နှင့် လူ ၆ဝဝ ခန့် ပါဝင်သည့် ဆန္ဒ ထုတ်ဖေါ်မှုကို ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေ့လည် ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ “သမ္မတကြီးအား ထောက်ခံပါတယ်။ သမ္မတကြီး ကျန်းမာပါစေ” ဟုကြွေးကြော်၍ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖေါ်မှုကို ဦးဆောင်သည့် ဦးဝီရသူက မဇ္ဈိမကိုပြောသည်။

ရခိုင်အရေး မန္တလေးလူထု အင်အားတစ်သောင်းကျော်..ဆန္ဒပြ


လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် အဓိကရုဏ်းအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့မှာ ရဟန်းရှင်လူပြည်သူတွေ ဒီကနေ့ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ကုလသမဂ္ဂ အရာရှိကြီးတွေ မြန်မာနိုင်ငံကို လာရောက်စဉ် ဘင်္ဂါလီ မူစလင်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်တွေ အတိုင်း အကောင်အထည်ဖော် ဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ အင်အား ၁၀၀ လောက်သာ ဆန္ဒပြဖို့ အာဏာပိုင်တွေက ခွင့်ပြုထားပေမဲ့ သံဃာတွေရော လူတွေပါ ထောင်နဲ့ချီ ပါဝင်လာတာကြောင့် လုံခြုံရေးကိုလည်း အပြည့်ယူခဲ့ရတဲ့ မန္တလေးမြို့က ဆန္ဒပြပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။