Saturday, September 22, 2012

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြ(သတင်းဗီဒီယို)

   ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံး စစ်ပွဲရပ် ဟု အမည်ပေးထားသည့် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ပွဲနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဒီကနေ့ မနက် ၁၀း၃၀ နာရီခွဲ အချိန်မှစတင်၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြို့တော်ခန်းမမှ စတင်ကာ မဟာဗန္ဓုလပန်းခြံမှ စတင်ကာ ဗိုလ်တထောင်ဘုရားသို့ စီတန်းလမ်းလျှောက်ကြပါသည်။ အဲ့ဒီကမှတဆင့် ယုဇနပလာဇာရှေ့မှ တာမွေ အ၀ိုင်းထိပ်သို့ ဆက်လက် ချီတက် လမ်းလျှောက်သွားကြပါသည်။
လမ်းလျှောက်ချီတက်သူများ ဖြတ်သန်းသွားရာ လမ်းတလျှောက် မြို့နယ်ရဲတပ်ဖွဲ့မှူးများနဲ့ ရဲတပ်ဖွဲ့ဝင်များက တားဆီးပြီး မေတ္တာရပ်ခံ ပန်ကြားမှုတွေ ပြုလုပ်ခဲ့ပေမဲ့ လမ်းလျှောက်သူများကတော့ ဆက်လက် ချီတက် ဆန္ဒထုတ်ဖော်နေကြပါသည်။ အခုအခါမှာတော့ လမ်းလျှောက်ချီတက်သူများဟာ လှည်းတန်းလမ်းဆုံ အင်းယားကန်ဘောင်သို့ ဆက်လက် ချီတက်သွားနေကြပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com