Sunday, October 14, 2012

စစ်တွေမြို့ ဆူပူမှု မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲခဲ့ရ

Narinjara News
မောင်အေး
အောက်တိုဘာလ ၁၂ ရက် သောကြာနေ့ ညနေ ၈ နာရီခန့်မှာ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ကို ၀ိုင်းအုံလာတဲ့ လူအုပ်ကြီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရတယ်လို့ သတင်း ရရှိပါတယ်။

အခုလို ဖြစ်ပွားတာကတော့ ညမထွက်ရ အမိန့်ကို ညနေ ၇ နာရီကနေ ၅ နာရီ အကြား သတ်မှတ်ထား တာကို ညနေ ၁၀ နာရီကနေ နံနက် ၄ နာရီ ထိ လျော့ချပြီးတဲ့ နောက်တစ်နေ့ မှာဘဲ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။
လူစုလူဝေး ဖြစ်ပွားလာရတဲ့ အကြောင်းကို စစ်တွေမြို့ နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“အင်ဘာလာထဲက ဘင်္ဂလီတွေက ညအချိန်မှာအတင့် ရဲပြီး လမ်းဟို ဘက်ဒီဘက်ကို အုပ်စု လိုက်ကူးကြ တယ်။ အဲသလို အုပ်စုလိုက်ဆိုတော့ သူတို့ မြို့ထဲဝင်လာတယ်ဆိုပြီး သတင်းဖြစ်သွားတယ်။ အဲဒါကို ရခိုင် တွေက သွားကြည့်တယ်။ အဲဒီအချိန်မှာ ဘင်္ဂလီတွေက မီးတိုင်တွေကို ခေါက်ပြီး ၀င်ပြေး သွားကြတယ်။ မီးတိုင် ခေါက် သံကြားတဲ့အတွက် ရခိုင်တွေက ဟိုကဒီက ၀ိုင်းအုံ လာရာကနေ လူစု လူဝေးဖြစ်သွားပါတယ်။”
လူစုလူဝေးဖြစ်လာတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ် အချက် ၂၀ ခန့် မိုးပေါ်ကို ထောင်ပစ်ပြီး လူစုခွဲ လိုက်ရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က သတင်းတွေ ကို အချိန်မီ ဖော်ပြပေးနေတဲ့ Rakhine Straight Views သတင်းမှာ တော့ ရ ဟန်းတော် ၂ ပါး အပါအ၀င် လူ ၄ ဦးနဲ့ ဆိုင်ကယ်တချို့လည်း အာဏာပိုင်တွေက ဖမ်းဆီး ထိမ်းသိမ်းထားတယ် လို့ ဖော်ပြထားပါတယ်။
ဒီအပေါ်မှာတော့ အတည်မပြုနိုင်သေးဘူးလို့ ဦးအောင်မြကျော်က ပြောပါတယ်။
စစ်တွေမြို့မှာ မနေ့က အိုအိုင်စီ မြန်မာပြည်ကိုဝင်လာတာနဲ့ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ဗုဒ္ဓဘာသာ ကျောင်းတွေကို တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့တဲ့ ဟိန္ဒူနဲ့ မာရမာကြီး အမျိုးသားတွေ ကို အောင်မင်္ဂလာရပ်ကွက်မှ မွတ် ဆလင်တချို့ကနေ ခြိမ်းခြောက်မှုတွေ ရှိနေခဲ့တဲ့ အတွက် နေ့လည်ဘက်ကတည်းက ပြဿနာတချို့ ရှိနေခဲ့တယ် လို့ သတင်းတွေ ရရှိပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com