Sunday, December 2, 2012

လက်ပန်တောင်း အရေးကို တာဝန်အရလုပ်ရပါတယ်ဆိုလျှင်ထိုတာဝန်ကိုဘယ်သူပေးတာလည်း

လက်ပန်တောင်း မှ-ဖြစ်စဉ်များတွင်
Photo: ကိုမင်းကိုနိုင် ဒဏ်ရာရ သံဃာတော်တစ်ပါးအား မေးမြန်းစဉ်က ကိုမင်းကိုနိုင် ရင်ထဲ နင့်နေအောင် ထိခိုက်ခံစားသွားရသည့် အဖြေက

ဦးဇင် ဘယ်လိုခံစားနေရလဲ
ကျုပ် ဘယ်လိုခံစားနေရလဲ ဆိုတော့ ဒကာကြီး ကျုပ် အမြန်ဆုံးသေချင်တာပဲ ဆက်မခံစားချင်တော့ဘူး
စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမ ရှိ အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ အသုံးပြုခဲ့သည်ဟု ပြောခဲ့တယ်။
သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါ ရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။

 
 လက်ရှိသတင်းဖေါ်ပြထားချက်များ၊ဓါတ်ပုံများ ၊ဗီဒီယို ဖိုင်များအရ ထိခိုက်မှုမရှိအောင်အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်ဆိုတဲ့စကားကို ပြည်သူတွေ ဘယ်လိုလက်ခံပေးရမလည်း။ ဒါဟာလုပ်ချင်သလိုလုပ်ပြီး၊

ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ

လဖိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ် သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။

နေ့လည် ၂ နာရီတွင် သြ၀ါဒခံယူပွဲဟု အမည်ပေးထားသည့် အစီအစဉ်သို့ ဆရာတော်အပါး ၂၀ ဖိတ်ခဲ့သော်လည်း ၁၀ ပါးသာအချိန်အ တော် နောက်ကျမှ ကြွရောက်လာသည်။

သံဃာတော် မီးရှို့သူများကို ဖော်ထုတ်ရန် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂။ (facebook မှ)
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးတွင် ယနေ့ညနေ (၄း၄၅)နာရီခန့်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်တန့်ရေးနှင့် သံဃာတော် မီးရှို့သူများကို ချက်ချင်းဖော်ထုတ်ရန် ဆန္ဒပြကြသည်။
ထိုသို့ ဆန္ဒပြစဉ် ဒုရဲအုပ်မျိုးဝင်းက ဆန္ဒထုတ်ဖော်သူ မိုးသွေးအား ၀င်ရောက်ဖမ်းဆီးခဲ့သည်။ သို့သော် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။