လက်ပန်တောင်း မှ-ဖြစ်စဉ်များတွင်
စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ
သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမ
ရှိ အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ
အသုံးပြုခဲ့သည်ဟု ပြောခဲ့တယ်။
သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါ ရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။
လက်ရှိသတင်းဖေါ်ပြထားချက်များ၊ဓါတ်ပုံများ ၊ဗီဒီယို ဖိုင်များအရ ထိခိုက်မှုမရှိအောင်အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်ဆိုတဲ့စကားကို ပြည်သူတွေ ဘယ်လိုလက်ခံပေးရမလည်း။ ဒါဟာလုပ်ချင်သလိုလုပ်ပြီး၊
ဝတ်ကျေတန်းကျေပြီးစလွယ်ပြောဆိုခြင်းဖြစ်တယ်ဆိုတာမှားမယ်မထင်ဘူး။ အများပြည်သူတွေနဲ့ သံဃာတော်တွေကို ကြီးမားပြင်းထန် တဲ့နှိမ်နင်းဆောင်ရွက်မှု့ဟာ တာဝန်အရဆောင်ရွက်တာပါဆိုလျှင်
ဒီလို ဆောင်ရွက်ခွင့်အထိ ကို ဘယ်သူကတာဝန်ပေးတာလည်း။ ဒါကို စုံစမ်းရန် အဓိကထားလုပ်ရန်လိုပါတယ်။
အဖြစ်မှန်သိရှိနိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီဇင်ဘာလ ၁ရက် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
အဖြစ်မှန်ဖေါ်ထုတ်တာအပြင် ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်သင့် မသင့်ကိုလည်း စုံစမ်းရမယ်လို့ ဖေါ်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှုးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် က အတွင်းရေးမှုးအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၈ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ပါဝင်သလို စာရေးဆရာ မောင်ဝံသ တို့လို ပုဂ္ဂိုလ်တွေအပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော်အမတ်တွေလည်း ပါဝင်ပါတယ်။
ယခုလက်ပန်တောင်း ကြေးနီတောင်စီမံကိန်း အခင်းကိစ္စတွင် အရင်အဆက်ဆက် ၈၈ အရေး၊ဒီပဲယင်းအရေး၊ ၂၀၀ရ ရွှေဝါရောင်ကိစ္စများလို အာဏာရှင်စနစ်အောက်မှာလို အမှန်တရားများဖုံးကွယ်ပြီး သတင်းများတင်ပြခြင်းများ အချိန်ဆွဲ ပြီး စုံစမ်းရေးများကိုဆောင်ရွက်ခြင်း၊
ပြည်သူများမေ့လောက်မှ မဟုတ်သတင်းများဖေါ်ပြခြင်းများ ကို ကျော်လွှားရန်လိုပါတယ်။
တရားဝင်ပြည်သူများအားလုံး တိုင်းပြည်အနှံ့ သိရန်သတင်းများကို ထုတ်ပြန်ပေးရန်လိုပါတယ်။
ယခုကိစ္စ ပြသနာမဖြစ်ခင် ၄င်းဒေသဖြစ်စဉ်များကို အနီးကပ်စုံစမ်းတင်ပြနိုင်ရန် အောင်မင်းသွားရောက်ခဲ့ပါတယ်။ သမ္မတကြီးဆီကို ဒေသခံတွေရဲ့အခက်အခဲများကိုတင်ပြပေးမယ်။တပတ်ဆယ်ရက်အတွင်းအကြောင်းပြန်မယ်လို့
ပြောဆိုပြီး ဒီလိုအကြမ်းဖက်နှိမ်နင်းခဲ့ခြင်းဖြစ်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက သပိတ်စခန်းတွေကို အင်အားသုံးဖြိုဖျက်လိုက်တာဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် မဟုတ်ဘဲ၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဗိုလ်မှုးကြီးယုလွင်က ပြောဆိုချက်အရ နေပြည်တော်အစိုးရ ရုံးမှ ပါဝင်ဆောင်ရွက်ခဲ့သူများအားလုံးနုတ်ထွက်ပေးရန်
တရားဝင်သတင်းစာရှင်းလင်းပွဲများလုပ်ရန်၊အများသိတရားဝင် တောင်းပန်ရန်၊
ထိုကိစ္စများကို အမြန်ဆုံးရှင်းလင်းပေးရန် သမ္မတ သိန်းစိန်ဆောင်ရွက်ရန်လိုပေသည်။
ဒုတိယအနေနှင့် ၄င်းစီမံကိန်းကို ဆောင်ရွက်ရန်သင့်မသင့် ဆက်လက်ရှင်းလင်းရမည်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေအတွက် နစ်နာမှုတွေ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေရှိနေတဲ့အတွက် လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းကို ရပ်ဆိုင်းလိုက်ဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ထို့အပြင် မြန်မာပြည်သူများဥပဒေကို လေးစားလိုက်နာရန်လိုကြောင်း၊
တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေ အခိုင်အမာ အကာအကွယ်ရအောင် တရုတ်ကပြောဆိုလိုက်ပါတယ်။

သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါ ရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။
လက်ရှိသတင်းဖေါ်ပြထားချက်များ၊ဓါတ်ပုံများ ၊ဗီဒီယို ဖိုင်များအရ ထိခိုက်မှုမရှိအောင်အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်ဆိုတဲ့စကားကို ပြည်သူတွေ ဘယ်လိုလက်ခံပေးရမလည်း။ ဒါဟာလုပ်ချင်သလိုလုပ်ပြီး၊
ဝတ်ကျေတန်းကျေပြီးစလွယ်ပြောဆိုခြင်းဖြစ်တယ်ဆိုတာမှားမယ်မထင်ဘူး။ အများပြည်သူတွေနဲ့ သံဃာတော်တွေကို ကြီးမားပြင်းထန် တဲ့နှိမ်နင်းဆောင်ရွက်မှု့ဟာ တာဝန်အရဆောင်ရွက်တာပါဆိုလျှင်
ဒီလို ဆောင်ရွက်ခွင့်အထိ ကို ဘယ်သူကတာဝန်ပေးတာလည်း။ ဒါကို စုံစမ်းရန် အဓိကထားလုပ်ရန်လိုပါတယ်။
အဖြစ်မှန်သိရှိနိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီဇင်ဘာလ ၁ရက် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

လက်ပန်းတောင်းသပိတ် ဖြိုခွဲမှုကြောင့် ဒဏ်ရာရထားတဲ့ သံဃာတော်များကို မုံရွာပြည်သူ့ဆေးရုံတွင် တွေ့ရစဉ်
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ် ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှုးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးစစ်မြိုင် က အတွင်းရေးမှုးအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး စုစုပေါင်းအဖွဲ့ဝင် ၂၈ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ပါဝင်သလို စာရေးဆရာ မောင်ဝံသ တို့လို ပုဂ္ဂိုလ်တွေအပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော်အမတ်တွေလည်း ပါဝင်ပါတယ်။
ယခုလက်ပန်တောင်း ကြေးနီတောင်စီမံကိန်း အခင်းကိစ္စတွင် အရင်အဆက်ဆက် ၈၈ အရေး၊ဒီပဲယင်းအရေး၊ ၂၀၀ရ ရွှေဝါရောင်ကိစ္စများလို အာဏာရှင်စနစ်အောက်မှာလို အမှန်တရားများဖုံးကွယ်ပြီး သတင်းများတင်ပြခြင်းများ အချိန်ဆွဲ ပြီး စုံစမ်းရေးများကိုဆောင်ရွက်ခြင်း၊
ပြည်သူများမေ့လောက်မှ မဟုတ်သတင်းများဖေါ်ပြခြင်းများ ကို ကျော်လွှားရန်လိုပါတယ်။
တရားဝင်ပြည်သူများအားလုံး တိုင်းပြည်အနှံ့ သိရန်သတင်းများကို ထုတ်ပြန်ပေးရန်လိုပါတယ်။
ယခုကိစ္စ ပြသနာမဖြစ်ခင် ၄င်းဒေသဖြစ်စဉ်များကို အနီးကပ်စုံစမ်းတင်ပြနိုင်ရန် အောင်မင်းသွားရောက်ခဲ့ပါတယ်။ သမ္မတကြီးဆီကို ဒေသခံတွေရဲ့အခက်အခဲများကိုတင်ပြပေးမယ်။တပတ်ဆယ်ရက်အတွင်းအကြောင်းပြန်မယ်လို့
ပြောဆိုပြီး ဒီလိုအကြမ်းဖက်နှိမ်နင်းခဲ့ခြင်းဖြစ်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းက သပိတ်စခန်းတွေကို အင်အားသုံးဖြိုဖျက်လိုက်တာဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက် မဟုတ်ဘဲ၊ပြည်ထောင်စု အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ဖြစ်တယ်လို့ ဗိုလ်မှုးကြီးယုလွင်က ပြောဆိုချက်အရ နေပြည်တော်အစိုးရ ရုံးမှ ပါဝင်ဆောင်ရွက်ခဲ့သူများအားလုံးနုတ်ထွက်ပေးရန်
တရားဝင်သတင်းစာရှင်းလင်းပွဲများလုပ်ရန်၊အများသိတရားဝင် တောင်းပန်ရန်၊
ထိုကိစ္စများကို အမြန်ဆုံးရှင်းလင်းပေးရန် သမ္မတ သိန်းစိန်ဆောင်ရွက်ရန်လိုပေသည်။
ဒုတိယအနေနှင့် ၄င်းစီမံကိန်းကို ဆောင်ရွက်ရန်သင့်မသင့် ဆက်လက်ရှင်းလင်းရမည်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေအတွက် နစ်နာမှုတွေ၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေရှိနေတဲ့အတွက် လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေးစီမံကိန်းကို ရပ်ဆိုင်းလိုက်ဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာ မုံရွာကြေးနီ စီမံကိန်းဟာ တရုတ် မြန်မာ ၂ ဖက် စီးပွားရေး အသိုင်းအဝိုင်းတွေအတွက် အကျိုးရှိမဲ့ စီမံကိန်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ထို့အပြင် မြန်မာပြည်သူများဥပဒေကို လေးစားလိုက်နာရန်လိုကြောင်း၊
တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေ အခိုင်အမာ အကာအကွယ်ရအောင် တရုတ်ကပြောဆိုလိုက်ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com