- 28 Mar 2012 |ကိုခင်ညွန့်ကစကားပြောရင်သူ့ကိုယ်သူ "အဘ "စစ်တပ်အတွင်းခေါ်ဝေါ်သုံးစွဲတာလေးကအဖျောက်နိုင်သေးဘူးအကျုင့်ပါနေတုန်း။အခုလည်းမြန်မာစကား
- ကို အဓိပ္ပါယ်အနက်အမျိုးမျိုး ဖွင့်ဆိုပြောနေပြန်ပြီ "အမျိုးသားနိုင်ငံရေးတဲ့" ဒါဆိုရုပ်ရှင်မင်းသားကိုကျော်သူ လူမှု့ရေးလုပ်ငန်း အကျိုးဆောင်နေတာ ဟာအမျိုးသားနိုင်ငံရေးဖြစ်ပြီး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီနိုင်ငံရေးပေါ့။ ကိုခင်ညွန့်က
- စစ်တပ်ကပြုတ်တာ၊ ပါတီကို ဦးဆောင်နေတာ စစ်တပ်ကလက်ရှိ ဖြစ်နေတော့ စင်ပြိုင်လုပ်လို့မရဘူးလေ၊ ဟိုက ကိုခင်ညွန့်ကို ဆွဲစားသွားမှာပေါ့၊ ကိုခင်ညွန့်လည်းခေသူမှမဟုတ်တာ
- ထောက်လှမ်းရေးနံပါတ်တစ် ပြုတ်ပဲဟာ။ဒီလောက်တော့ပါးတာပေါ့နော်။အေးအေးနေပါအဘခင်ညွန့်ရယ်။

အမျိုးသား နိုင်ငံရေးအကြောင်း ဦးခင်ညွန့်က ပြောကြားရာတွင် " အမျိုးသား နိုင်ငံရေး ဆိုတာ ပြည်သူ ပြည်သားတွေ ကောင်းဖို့အတွက်လုပ် တာ၊ ပြည်သူ ပြည်သား တွေကို ထောက်ပံ့ဖို့ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာတွေ အကူအညီပေးဖို့ ဖြစ်တယ်၊ ကျွန် တော်တို့နိုင်ငံမှာ ဆင်းရဲတဲ့ပြည်သူ တွေ အများကြီး ရှိတယ်၊ သူတို့အတွက် ရွှေမှော်ဝန်းဖောင်ဒေးရှင်းကို ကျွန်တော်တို့ ယုံကြည်ပြီးလေးစား တဲ့သူတွေ ကျောက်တန်းဒေသကို အခြေပြုပြီး လုပ်သွားမယ်၊ နောက် တော့တိုင်းပြည်အတိုင်းအတာနှင့် လုပ်သွားမှာပါ" ဟုပြောကြားခဲ့သည်။
ရွှေမှော်ဝန်း ဖောင်ဒေးရှင်းက အခုစာရင်းတွေ ပြုစုနေပြီး၊ စာရင်း ပြုစုပြီးလျှင် လှူဒါန်းငွေများဖြင့် တွက်ချက်၍ အကူအညီတွေ ပေးသွားမည် ဖြစ်ကြောင်း ပထမဆုံး ပညာရေးနှင့် ပတ်သက်ပြီးအကူအညီပေးသွားမည်။ ကျောင်းမတက်နိုင်သည့်ကလေးတွေ ကိုကျောင်းထားပေးမည် ဟု ဦးခင်ညွန့်က ဆက်လက် ပြောကြား ခဲ့သည်။
"ကလေးတွေက အလုပ်လုပ်ရ တယ်၊ ရတဲ့ငွေနဲ့မိဘကိုပေးတယ်၊ သူတို့ကျောင်းတက်ရင်မိဘတွေဝင်ငွေ မရှိတော့ဘူး။ဒါ့ကြောင့် မိဘတွေကို ပါတောင်းခံမှာပါ။ မိဘတွေကလဲ အလုပ်ရှိဖို့လိုတယ်။ ဒီအတိုင်းထိုင်စား လို့မရဘူး၊ မိဘတွေကိုလက်မှုပညာ တွေကိုသင်ပေးမယ်၊ တိုင်းပြည် အတွက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက် ရေးကို ကူညီရာရောက်ပါတယ်။ ဆင်းရဲသားအများစုက လယ်ယာမဲ့ တွေပါ" ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အဆိုပါ လူမှုရေး ကိစ္စများကို မိမိတာဝန်ရှိသော အချိန်တွင် လုပ်ကိုင် လိုသော်လည်း လက်တွေ့ဖြစ်မလာ ခဲ့ကြောင်း ယခုမှရွှေမှော်ဝန်းဖောင် ဒေးရှင်းကို တည်ထောင် ခဲ့ရကြောင်း သိရသည်။
နေထွန်း(အမိမြေ)
No comments:
Post a Comment
wwwwnyinyi@gmail.com