
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့သောအပတ်ကစစ်တွေမှာပြည်နယ်အစိုးရအဖွဲ့ နဲ့တွေ့ဆုံခဲ့ပြီးအပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ဧပြီ ၁၁ ရက်တွေ့ဆုံမှု့ဟာနှစ်ပေါင်းလေးဆယ်ကျော်ကြာ နယ်စပ်မှာလက်နက်ကိုင်လမ်းစဉ်ကိုင်စွဲထားတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးတွေ့ဆုံမှု့ ဖြစ်ဖို့ရှိလာပါတယ်။
လွန်ခဲ့သောနှစ်တွေက အများအားဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၈ ရက်နေ့ကလည်းကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ငြိမ်းချမ်းရေးအဖွဲ့ နှင့်လည်းသူမနေအိမ်တွင်တွေ့ဆုံ
ခဲ့ပါတယ်။
(ဝန်ခံချက်) ဒီဗီဘီ သတင်းမှဖေါ်ပြသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com