ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးတက်ရောက် (ဗီဒီယိုသတင်း)
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးတက်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD
လွှတ်တော်ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့က လွှတ်တော်အစည်းအဝေးတက်ရောက်ပြီး
ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အဲဒီလို ကျမ်းသစ္စာ ကျိန်ဆိုရာမှာ
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကျမ်းကျိန်စာသားကို
တိုင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးရဲ့
နောက်ဆုံးနေ့အဖြစ်ကျင်းပတဲ့ ဒီ လွှတ်တော်အစည်းအဝေး မှာ ပြည်တွင်း ပြည်ပ
သတင်းမီဒီယာတွေလည်း တက်ရောက်သတင်းယူခွင့် ရရှိခဲ့ကြပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com