Tuesday, July 10, 2012

ယနေ့ (ဇူလိုင်၉) ကျင်းပသော လွှတ်တော်အစည်းအဝေးသို့တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်။


ပထမအကြိမ်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစည်းအဝေးသို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က
လွှတ်တော်အဆောက်အဦသို့ရောက်ရှိလာပြီး စတင်တက်ရောက်နေပြီဖြစ်ကြောင်း နေပြည်တော်မှ 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။လွှတ်တော်အစည်းအဝေးအစီအစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းနှင့် အဆို (၈)ခု
တင်သွင်းဆွေးနွေးမည့်အစီအစဉ်များပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ဆွေးနွေးမည့်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသေးပေ။

(ဓာတ်ပုံ-သီဟ)


No comments:

Post a Comment

wwwwnyinyi@gmail.com