
ထို့အပြင် အမေရိကန်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသော မြန်မာ အစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာ အစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုအား ရုပ်သိမ်းလိုက် သည်။
သြဂုတ် ၂၉ ရက်တွင် ကြေ ညာခဲ့သော အိမ်ဖြူတော်၏ ကြေ ညာချက်၌ ယခုကဲ့သို့ ဗီဇာပိတ်ပင် မှုရုပ်သိမ်းခြင်းမှာ မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်အချို့အတွက်သာ ရွေး ချယ်ရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ အမျိုး သမီး ကိုင်တလင်ဟေဒင်ကပြော သည်။ အမေရိကန်နိုင်ငံ၏ ၂၀၀၈ ခုနှစ်တွင် ချမှတ်ထားသော ပိတ် ဆို့မှုဥပဒေအရ ယခင် တပ်မတော် အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်နှင့် စစ်တပ်ကို ငွေကြေးအရထောက် ပံ့ပေးသူများ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ၏ မိသားစုများကိုပါ အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားခြင်းဖြစ်သည်။
မစ္စဟေဒင်က ၎င်းတို့အစိုးရ အနေဖြင့် သမ္မတဦးသိန်းစိန်၊ ၀န် ကြီးများနှင့် ဒုတိယ၀န်ကြီးများကို ထိတွေ့ဆက်ဆံခြင်းအားဖြင့် နှစ် ဖက်အစိုးရကြား ယုံကြည်မှုတည် ဆောက်နိုင်မည်ဟုဆိုသည်။
သူမ က “(ဒီလိုလုပ်ခြင်းအားဖြင့်)ကျွန်မ တို့ ယုံကြည်မှုတည်ဆောက်နိုင်ပြီး နောက်ထပ် ပြုပြင်ပြောင်းလဲမှု တွေအတွက် ပြီးတော့ အဓိကကျ တဲ့ ပြုပြင်ပြောင်းလဲရေးသမား တွေကိုလည်း အမေရိကန်ပေါ်လစီနဲ့ဒီမိုကရေစီကို ကောင်းကောင်း နားလည်သဘောပေါက်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင် မှာပါ”ဟုပြောသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com