Wednesday, September 21, 2011

ဝန်ကြီးခြင်းတူသော်လည်းစိတ်ဓါတ်ခြင်းကွာ

       သူများတိုင်းပြည်များတွင် ဒီမိုကရေစီ နည်းစနစ်များအရ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းများ
တာဝန်ယူနေသူများသည် ပြည်သူများကို အလေးထားကြ၏ ပြည်သူများကလက်မခံလျှင် ဘာမှ
မတတ်နိုင်ပေ၊ဝန်ကြီးမပြောနှင့်ဝန်ကြီးချုပ်လည်းထွက်ပေးရသည်။မိမိကြောင့်အမှားတခုကိုပြုလုပ်မိလျှင်
ပြည်သူများကကြေနပ်အောင်ပြန်လည်ဖြေရှင်းတောင်းပန်ရသည်။မီဒီယာများနှင့်အများရှေ့တွင် ပြန်လည်
ဖြေရှင်းရသည်။ထို့အပြင်တာဝန်မှ ရပ်ဆိုင်းခြင်းခံရသည်။
ကိုယ့်ညံ့ဖျင်းမှု့ကို ကိုယ်တိုင်လက်ခံ၍ရာထူးမှမိမိ
ဆန္ဒအရ နုတ်ထွက်သည်။ကိုယ့်ကိုကိုယ်ရှက်၍သတ်သေကြသည်။
  မြန်မာပြည်မှဝန်ကြီးများကဤသို့ မဟုတ် မိမိစကားကိုမိမိ တာဝန်မယူနိုင်သောလူ့အတ္တများ
ဖြစ်သည်။အတင်းအားဓမ္မ လုပ်ဆောင်နေကြတယ်။မှားလျှင်ထိုအမှားကို တာဝန်မယူတဲ့အပြင်
အခြားအကြောင်းအရာများနှင့်ရောထွေးပစ်တတ်သည်။ပြည်သူလူထုကိုလည်း
အောက်ပါအတိုင်းအာဏာရှင်ဆန်ဆန်(ယခင်နေဝင်းလူသတ်သမားနည်းတူ)
မထေမဲ့မြင်လူကြီးမဆန်သောစကားမျိုးပြောသောဝန်ကြီးများဖြစ်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောဆန့်ကျင်မှု့များကိုဘယ်တော့မှ 

နောက်ဆုတ်မည်မဟုတ်ကြောင်းအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန

ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းပြောကြား ။


(အောက်တွင်ဂျပန်နိုင်ငံသဘာဝဘေးဒဏ်ကြောင့်ဖြစ်
သော်လည်းထိုပြဿနာနှင့်ဆက်ဆပ်လျှက်ဝန်ကြီးချုပ်လည်းနုတ်ထွက်သွားပြီးယခုတဖန်ကုန်သွယ်ရေးဝန်ကြီး
နုတ်ထွက်ခြင်းသတင်းဖြစ်ပါတယ်)

စကားပြောမှားသဖြင့် ဂျပန် ကုန်သွယ်ရေးဝန်ကြီး ဟာချိရို နှုတ်ထွက်ခြင်း

ယိုရှီယို ဟာချိရို လွန်ခဲ့သော အပတ်ကမှ ကုန်သွယ်ရေး ဝန်ကြီး ခန့်အပ်ခြင်းခံရသည်။
လွန်ခဲ့သော ခြောက်လတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီ ရေလှိုင်းဒဏ်ခံခဲ့ရသော ဖူကူရှီးမား (Fukushima) ဓာတ်အားပေးစက်ရုံ တစ်ဝိုက်အား တစပြင်ကဲ့သို့ ဖြစ်နေသည် "town of death" ပြောခဲ့မိသောကြောင့် မကြာမီကမှ ခန့််အပ်ခြင်းခံရသော ကုန်သွယ်ရေးဝန်ကြီး ယိုရှီယို ဟာချိရိုသည် နှုတ်ထွက်သွားခဲ့သည်ဟု သတင်းမီဒီယာများက အစီရင်ခံသည်။
ကုန်သွယ်ရေးဝန်ကြီးဟာချိရို


မစ္စတာ ဟာချိရိုသည် ကြာသပတေးနေ့ (၈.၉.၂၀၁၁) တွင် ဓာတ်အားပေးစက်ရုံအား သွားခဲ့ပြီးနောက်တွင် သူ၏ ကုတ်အင်္ကျီဖြင့် သတင်းထောက်တစ်ယောက်အား ပွတ်လိုက်ပြီး ရေဒီယို ဓာတ်ကြွမှုတွေ ပေးလိုက်ပြီဟု ပြောသည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
သောကြာနေ့တွင် ဝန်ကြီးချုပ် မစ္စတာ နိုဒါက မစ္စတာ ဟာချိရို၏ ပြောဆိုမှုသည် မဆီလျော်၊ မသင့်လျော်သောကြောင့် တောင်းပန်စေရာ သူသည် တောင်းပန်ခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် အဓိက အတိုက်အခံပါတီ ဖြစ်သော “အယ်လ် ဒီ ပီ” (LDP - Liberal Democratic Party) ပါတီ၏ ဒုတိယ ဥက္ကဌ တာဒါမိုရီ အိုရှီမာ (Tadamori Oshima) က မစ္စတာ ဟာချိရိုအား ရှုပ်ချသည်။ ဝန်ကြီး၏ မှတ်ချက်မှာ ဘေးအန္တရာယ် ခံခဲ့ရသူများအတွက် မျှော်လင့်ချက် ကင်းမဲ့သွားစေသဖြင့် သူသည် ဝန်ကြီး၏ရာထူးနှင့် မထိုက်တန်ဟု မစ္စတာ အိုရှီမာကပြောသည်။
စနေနေ့ (၁၀.၉.၂၀၁၁) သတင်းစာ ရှင်းလင်းပွဲ သူ၏နှုတ်ထွက်စာအား ဝန်ကြီးချုပ် မစ္စတာ နိုဒါက လက်ခံကြောင်း မစ္စတာ ဟာချိရိုကပြောကြားပြီး ထပ်မံ၍ ဝန်ချတောင်းပန်ခဲ့သည်။ သူအား စက်တင်ဘာလ ၂ ရက်နေ့တွင်မှ ကုန်သွယ်ရေးဝန်ကြီး ခန့်အပ်ခြင်းဖြစ်သည်။


No comments:

Post a Comment

wwwwnyinyi@gmail.com