Wednesday, September 21, 2011

ဧရာဝတီ Damကို တကိုယ်တော်ဆန္ဒပြကန့်ကွက်သူအား ရဲမှဖမ်းဆီးစစ်ဆေးခဲ့


ရန်ကုန်မြို့ရှိ ဆင်ဟွာ တရုတ်သတင်းဋ္ဌာနရှေ့တွင် ဧရာဝတီမြစ်ဆုံ Damစီမံကိန်းကို ရပ်ဆိုင်းပေးရန် တကိုယ်တော် ဆန္ဒပြကန့်ကွက် ခဲ့သော နိုင်ငံရေးတက်ကြွသူတဦးအား စစ်အုပ်စုမှ အင်္ဂါနေ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီDamစီမံကိန်းကို ရပ်ဆိုင်းပေးရန် တကိုယ်တော်ဆန္ဒပြသူအား စစ်အုပ်စု ရဲအဖွဲ့မှ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် ယခုအချိန်ထိ တရုတ်သုံရုံးနှင့် ဆင်ဟွာသတင်းဋ္ဌာနရှေ့တွင် လုံခြုံရေးများ တင်းကြပ်ထားကြောင်း သိရှိရသည်။

မနေ့ကတရုတ်သံရုံးအနီးတွင် စောင့်နေသည့် လုံထိန်းနှစ်ဦး။ 
တရုတ်၏ ဆင်ဟွာသတင်းဋ္ဌာနရှေ့တွင် 'Irrawaddy Electricity Projectချက်ချင်းရပ်'ဟုစာတန်းရေးသားထားသည့်အေဖိုးစာရွက်ခြောက်ရွက်ကိုကိုင်ဆောင်ထားပြီးရပ်လျှက်တိတ်ဆိတ်စွာဆန္ဒပြခဲ့သူအသက်(၄၆)နှစ်အရွယ် အမျိုးသားအားလုံခြုံရေးရဲများကအင်္ဂါနေ့နေ့လည်(၁၂)နာရီခွဲခန့်တွင်ထိန်းသိမ်းခံရပြီးစစ်ဆေးခံနေရခြင်းဖြစ်ကြောင်းမျက်မြင်သက်သေများက ဆိုသည်။  
စစ်အုပ်စု လုံခြုံရေးရဲအဖွဲ့ထံ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြမှုကြောင့် စစ်ဆေးခံနေရသည့် နိုင်ငံရေးတက်ကြွသူမှာတောင်ဥက္ကလာရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းဖမ်းဆီးခံရသူနှင့် နီးစပ်သူတဦးက ဆိုသည်။
ဧရာဝတီနှင့်ပတ်သက်ပြီးမြစ်ဆုံတွင်ဆောက်လုပ်မည့်Damအတွက်ဧရာဝတီချစ်သူများကတနင်္လာနေ့ကတရုပ်သံရုံးရှေ့သို့သွားရောက်ပြီး ကန့်ကွက်ဆန္ဒပြကြမည်ဟုလည်းရန်ကုန်တွင်သတင်းများပျံနှံနေရာသက်ဆိုင်ရာနယ်မြေတွင်ယခုအချိန်ထိလုံခြုံရေးများ တင်းကြပ်ချထားကြောင်း မျက်မြင်သက်သေများက ပြောသည်။  

“ဒီနေ့နေ့လည်(၁၂)နာရီခန့်မှာတရုတ်သံရုံးတွင်လုံထိမ်းကားသုံးစီးရောက်ရှိလာပြီးလုံခြုံရေးတင်းကြပ်စွာချထားတာတွေ့ရပါတယ်၊ သံရုံးအပြင်ဘက်ရှိလက်ဘက်ရည်ဆိုင်တွေမှာဆန္ဒပြမည်ဆိုသောသတင်းများကြောင့်ပြည်တွင်းသတင်းထောက်တွေ လာရောက်ပြီးစောင့်ကြိုခဲ့ကြပါသေးတယ်။ဒါပေမဲ့လုံခြုံရေးအရမွန်းလွဲ(၃)နာကျော်အထိဆန္ဒပြပွဲဖြစ်မြောက်ခြင်းမရှိပါဘူး၊ပျက်ပြားသွားပါတယ်။”
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက“မြစ်ဆုံကိစ္စကိုဘယ်သူတားတားဆက်လုပ်မှာဘဲ”ဟုလျှပ်စစ်ဝန်ကြီးဦးဇော်မင်းကသတင်းထောက်များကိုပြောကြားခဲ့ပြီးနောက်မြစ်ဆုံတွင်Damတည်ဆောက်ခြင်းကိုရပ်ဆိုင်းပေးရန်တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးနောက်ယခုကဲ့သို့သောင်းသောင်းဖျဖျဆန္ဒပြကြမည့်သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ Dam စီမံကိန်းမှ အဓိကတရုတ်၏ အကျိုးအမြတ်ခံစားရမည် ဖြစ်သည့်အပြင် တရုတ်က မြန်မာ့နိုင်ငံရေးကို Damနှင့် လှည့်ဖျား ကစားမည့် စီမံကိန်းလည်းဖြစ်ကြောင်း၊ Dam စီမံကိန်းကြောင့် သဘာဝ အရင်းအမြစ် ဆိုးကျိုးများ ဖြစ်ပေါ်လာမည့် အခြေအနေများနှင့် ဒေသခံ လူသားအရင်းအမြစ်များ ပြုန်းတီးမည့် အကြောင်းရပ်များကိုပါ အင်တာနက် သတင်းများကဆိုသည်။




No comments:

Post a Comment

wwwwnyinyi@gmail.com