Thursday, September 15, 2011

တရုပ်တိုင်းပြည်အကျိုးအမြတ်အတွက်ဝင်ရောက်လုပ်ကိုင်နေသောဧရာဝတီစီမံကိန်း

မြန်မာပြည်လက်ရှိ အုပ်ချုပ်နေသောအစိုးရ၏အသိပညာမဲ့၊မိုက်မဲမှု့များကြောင့်တိုင်းပြည်ပိုင်သဘာဝပတ်ဝန်းကျင်နှင့်
သယံဇာတများ များစွာနစ်နာဆုံးရှုံးနေရသည်။အသိမဲ့မှု့ကြောင့် အိမ်နီးချင်းတိုင်းပြည်များသည် ကြီးစွာဂုတ်သွေးစုတ်လျှက်ရှိသည်။
မြန်မာစစ်အစိုးရများသည် မိမိတို့ နားမလည်မသိမတတ်သည် ကိုတဇွတ်ထိုးလျှက် တရုပ်ကိုယုံးစားအားကိုးကာ မိမိတိုင်းပြည်ကိုထိုးအပ်နေသည်ဖြစ်သည်။ 
ယခု မိမိမြေ၊ မိမိရေပေါ်တွင် လာရောက်လုပ်ကိုင်ပြီး ရရှိလာသော အကျိုးအမြတ်များမှာ တရုပ်ကသာပိုင်ဆိုင်ထားသည်ဖြစ်သည်။

စီမံကိန်းကာလပြီးဆုံးလျှင် ထိုဆည်ကြီးကို မည်သူများကတာဝန်ဆောင်ရွက်ထိမ်းသိမ်းမည်နည်း။ထိုဆည်ကြီးရှိနေသရွေ့တရုပ်ကိုအမြဲပင့်နေရမည်။
 ကျနော်တို့တိုင်းသူပြည်သားများ မျက်ရည်လွှမ်းမိုးနေချိန်တွင် တရုပ်ပြည်အနာဂတ်မှာ မြန်မာပြည်မှ အလားကားမျှ ရသောလျှပ်စစ်စွမ်းအားများနှင့် နည်းပညာပေါင်းစပ်ကာတိုးတက်ပျော်ရွှင်နေကြပေမည်။


The Irrawaddy Myitsone Dam Built by China(ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုပ်ရအားလျှပ်စစ်ကုမ္ပဏီ Sinhydro Bureau ) မှ ရိုက်ကူးထားသော(video)

















 မိမိတိုင်းပြည်အုပ်ချုပ်နေသောစွမ်းအင်ဝန်ကြီးဇော်မင်း(ခ)စွမ်းအားရှင်ဝန်ကြီး မှာ
လျှပ်စစ်သည်တိုင်းပြည်တွင်ပိုလျှံနေသဖြင့်ဟုပြောဆိုနေသည်။ တကယ်လားလို့မေးစရာပင်၊
အမှန် ကိုယ့်တိုင်းပြည် သဘာဝသယံဇာများကိုရောင်းစားရုံကလွဲ၍ ဘာမှမလုပ်တတ်ခြင်းဖြစ်သည်။တိုင်းပြည်၏မြို့တော်ကြီးများဟုသတ်မှတ်ထားသောနေရာများတွင်  ၂၄နာရီ အချိန်ပြည့်မီးမရပါ။ဟုတ်မဟုတ်မြို့ခံများဖြေလိမ့်မည်။မြို့လည်ကောင်တွင် မီးစက်များနှင့် သာမန်လုပ်ငန်းများကိုလည်ပတ်လုပ်ကိုင်နေသည်မှာ အားလုံးမြင်တွေ့နေကြရသည့်မြင်ကွင်းများဖြစ်သည်။လူနေအိမ်များတွင်မီးအားမြှင့်စက်များသုံးကာနေထိုင်ကြရသည်ကိုလူတိုင်းသိသည်။
မြို့နယ်များကို လျှပ်စစ်မလုံလောက်ကြောင်းပြောဆိုကာ အလှည့်ကျစနစ်ကိုဆောင်ရွက်နေသည်ဟုပြောဆို၍မီးမရသည်မှာနှစ်နှစ်ဆယ်ကျော်မကတော့ပါ။ထိုအခြေအနေများကို မသိယောင်ဆောင်ပြီး ဝန်ကြီးပါးစပ်က လက်ရှိသုံးမကုန်ဆိုသောစကားကို မရှက်မကြောက်အပြင် တိုင်းပြည်လူထုအပေါ် ဗြောင်လိမ်၊ ပြည်သူလူထုကပေးကမ်းသော လခစား၊ပြည်သူ့ဏ္ဍာ ပစ္စည်းများခိုးယူ ၊ကျွေးသောလက်ကိုပြန်ကိုက်နေခြင်းဖြစ်သည်။

ထိုပိုလျှံနေသောလျှပ်စစ်ကိုမည်သို့မည်ပုံအသုံးချရန် စဉ်းစားတွေးတောနိုင်သော အရည်အချင်းမရှိသောကြောင့် လူပိန်းတယောက်ကဲ့သို့ " ပိုလျှင်ရောင်းစား"ဟုပြောဆိုခဲ့သည်။လူရီစရာဖြစ်သောလျှပ်စစ်ကို ကွန်တိန်နာဖြင့်တင်ရောင်းမရဟုလည်းဆိုသေးသည်။ထိုစကားအသုံးအနှုံးများသည် မည်မျှတိုင်းပြည်အပေါ်လူထု(ပြည်သူတွေ)အပေါ်စေတနာမထားသည်မှာပေါ်လွင်နေသည်ဖြစ်သည်။ထိုသို့သောဝန်ကြီးကတိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းများတွင်
တာဝန်ယူဆောင်ရွက်နေခြင်းသည်တိုင်းပြည်အတွက်လွန်စွာမှနစ်နာသည်။ ဧရာဝတီစီမံကိန်းနှင့်ပတ်သက်ပြီးပြည်သူလူထု သဘောထားအမြင်မှာ၊ ထိုကိစ္စသည်မိမိတိုင်းပြည်များစွာနစ်နာရသည်၊မိမိတိုင်းပြည်အတွက်ကျန်သောအကျိုးအမြတ်ပမာဏသည် ပေးဆပ်လိုက်ရသောအရင်းအနှီးနှင့်ကြည့်လျှင်
များစွာနစ်နာဆုံးရှုံးကြောင်းမည်သူမဆိုနားလည်သိရှိသည်။ နောက်ဆုံး ထိုဆည်အခွန်ကြီးသာကျန်ရစ်မည်။ ဆည်ကြီးတည်ဆောက်အသုံးပြုကောင်းချိန်တွင် တရုပ်နိုင်ငံအတွက်ကောင်းစွာ အသုံးပြုကာ သုံး၍မရချိန်တွင် မိမိတို့တိုင်းပြည်ကထို တည်ဆောက်ပြီးသား ဆည်ကြီးကိုမွမ်းမံနေရင်ဖြင့်သာအချိန်ကုန်မည်။ ပြည်သူလူထုကတားမြစ်နေသည်။ထောက်ပြဆွေးနွေးနေကြသည်။ ဘာကြောင့် လက်မခံပဲ ဆက်လုပ်နေသနည်း။
မတူညီတဲ့သဘောထားကိုဘေးမဖယ်ပဲ ဘာကြောင့် ပြည်သူတွေကိုထိပ်တိုက်ရင်ဆိုင်နေရသနည်း။










No comments:

Post a Comment

wwwwnyinyi@gmail.com