Posted by Lyn Lyn at 9:39 AM
ရန်ကုန်မြို့တွင်းရှိနေရာ၈ခုတွင်ဟိုတယ်ဆောက်လုပ်ရန်အတွက်စီမံကိန်းများပြုလုပ်နေကြောင်း
ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဥက္ကဋ္ဌဦးတင်ဝင်းကပြောကြားသည်။
"နေရာ ၈ နေရာကိုတော့ သွားကြည့်ပြီးပါပြီ။ဟိုတယ်ဆောက်ခွင့်ရဖို့အတွက်သက်ဆိုင်ရာကိုတင်ပြထားပါတယ်"ဟု ယင်းပုဂ္ဂိုလ်က
အောက်တိုဘာ ၁၅ ရက်တွင် ပြောခြင်းဖြစ်သည်။
ဟိုတယ်ဆောက်လုပ်ရန်
ရွေးချယ်ထားသည့်နေရာ ၈ နေရာမှာ သိမ်ဖြူလမ်းနှင့်
ကုန်သည်လမ်းထောင့်ရှိ ဝန်ကြီးဌာန ၃ ခုပူးပေါင်းရုံးစိုက်ခဲ့သည့်
အဆောက်အအုံ၊ ၄၇ လမ်း City Mart ရှိရာ အဆောက်အအုံ၊ ကုန်သည်လမ်းနှင့်မဟာဗန္ဓုလပန်းခြံလမ်းထောင့်ရှိလေးထပ်အဆောက်အအုံ၊ပုဇွန်တောင်လမ်းပေါ်ရှိ
ကုန်သွယ်မှုဗဟိုဌာနအဆောက်အအုံ၊ဒဂုံမြို့နယ်အလုံလမ်းပေါ်ရှိဆယ်ထပ်အဆောက်အအုံ၊ လှိုင်ကတ္ကသိုလ်နယ်မြေအတွင်းရှိဒူးယားဆောင်နှင့်ပုပ္ပားဆာင်တို့ဖြစ်သည်။၎င်းနေရာ ၈နေရာသည်ဈေးကွက်အရဆွဲဆောင်နိုင်သောနေရာကောင်းများဖြစ်ပြီး ခွင့်ပြုချက်ရပါကပြည်ပရင်းနှီးမြှုပ်နှံများဝင်ရောက်လာနိုင်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းတွင်အများဆုံးရင်းနှီးမြှုပ်နှံထားသည့်နိုင်ငံမှာစင်ကာပူနိုင်ငံဖြစ်သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com