ဗီယက်နမ်၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံများမှဝင်ရောက်လာမည့်ခရီးသွားများအားရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်၊မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်
နယ်စပ်ဝင်ပေါက်ဖြစ်သည့် တာချီလိတ်(၀မ်ပုံ)တို့တွင်ဆိုက်ရောက်ဗီဇာဖြင့်ပြည်ဝင်ခွင့်ပြုနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့၌၂၀၁၁ခုနှစ်စက်တင်ဘာလအတွင်းကပြုလုပ်ခဲ့သည့်နိုင်ငံတကာ
ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကွန်ဖရင့်အစည်းအဝေးတွင်အာဆီယံဒေသကြီးကို တစ်ခုတည်းသောခရီးစဉ်ဒေသအဖြစ်၂၀၁၅ခုနှစ်တွင်သတ်မှတ်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက၂၀၁၁ခုနှစ်အောက်တိုဘာလ ပထမပတ်အတွင်းကပြုလုပ်ခဲ့သောနိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု အဆင်ပြေလွယ်ကူရေးကော်မတီ၏ ပထမအကြိမ်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာ၊လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံအတွက် အလေ့အကျင့်နှင့် အတွေ့အကြုံ
ကောင်းများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် လေးနိုင်ငံခရီးစဉ်တစ်ခု(Four
Countries One Destination) အဖြစ် စတင်ကျင့်သုံးရန်ညှိနှိုင်းနေကြောင်း၊ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်နိုင်ငံများမှ ၀င်ရောက်လာမည့်နိုင်ငံခြားသားခရီးသည်များအားရန်ကုန်လေဆိပ်၊မန္တလေးလေဆိပ်၊ နယ်စပ်ဝင်ပေါက်ဖြစ်သောတာချီလိတ်(၀မ်ပုံ)တို့တွင်ဆိုက်ရောက်ဗီဇာဖြင့်ပြည်ဝင်ခွင့်ပေးနိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင်ခရီးသွားကုမ္ပဏီများသည်ကုမ္ပဏီ၏အစီအစဉ်ဖြင့် လာရောက်မည့်
မြန်မာသံရုံးမရှိသော နိုင်ငံများမှ ခရီးသွားများအတွက်
ဆိုက်ရောက်ဗီဇာများကိုဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန
မှတစ်ဆင့် လျှောက်ထားသည့်စနစ်ကို အသုံးပြုလျက်ရှိသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com