အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က
ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် Chiang Sean ခရိုင်အတွင်းရှိ မဲခေါင်မြစ်ထဲမှာ လူသေအလောင်း ၁၂ လောင်းမျောပါလာတာကိုတွေ့ရပါတယ်။
အလောင်းအများစုကတော့ လက်နောက်ပြန် လက်ထိပ်ခတ်ထားရပြီး ထိုင်းရဲတပ်ဖွဲ့က
Pol.Col.Popkorn Khuncharoensuk က သေဆုံးသူများမှာ
၅ ရက်နေ့က Pha Muang တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့ တရုတ်သင်္ဘောမှ သင်္ဘောသားတွေဖြစ်တယ်လို့ပြောပါ တယ်။
ထိုင်းအာဏာပိုင်များက တရုတ်သံရုံးကို အကြောင်းကြားပြီး တရုတ်သံရုံးကလူးတွေ လာရောက်စစ်ဆေးပြီးတော့
ဒီတရုတ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေ ဖြစ်ပြီးတော့ ၅ ရက်နေ့ မတိုင်ခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေရဲ့
အပိုင်စီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေအနေနဲ့ မြန်မာနိုင်ငံ
အတွင်းက မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ သင်္ဘောတွေကို သုံးလိုတာကြောင့် သတ်လိုက်တယ်လို့
ထိုင်းအာဏာပိုင်တွေက ယူဆကြပါတယ်။
ထိုင်း Pha Muang အဖွဲ့က အောက်တိုဘာလ
၅ရက်နေ့က မဲခေါင်မြစ်ထဲမှ ကုန်တင်သင်္ဘော နှစ်စင်းကိုစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာ မရပ်ပဲ
မောင်းပြေးသွားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် Pha Muang အဖွဲ့က ပြန်လည်ပစ်ခတ်ရာ တစ်ယောက်သေဆုံးပြီး ကျန်လူများ
ရေထဲ ခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ၄င်းသင်္ဘောနှစ်စီးကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၅၆၀၀၀၀
ခန့် ကာလတန်ဘိုး ထိုင်းဘတ် သန်း ၁၀၀ ကျေုာ် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောကြားပါတယ်။
စိတ်ကြွ
မူးယစ်ဆေးဝါးများ
အမှတ် ၃ စစ်တိုင်းမှူး
Lt.Gen.Wantipy က ဖမ်းမိသော မူးယစ်ဆေးဝါးတွေဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့
UWSA နဲ့ SSA (တောင်ပိုင်း) အဖွဲ့တို့မှ ပေးပို့တဲ့ဆေးပြားများ
ဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပြားများကိုတော့ ထိုင်း - မြန်မာနယ်စပ်ရှိ တရုတ်တစ်ဦးပိုင်သော
လောင်းကစားရုံတွင် အရောင်းအ၀ယ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးပြားများကိုတော့ တရုတ်သင်္ဘောတွေက
သယ်လာတာ ဟုတ် / မဟုတ်ကိုတော့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့
မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ဗိုလ်ချုပ်ပန်ဖဦးစီးသော SSA(တောင်ပိုင်း)အဖွဲ့အား
စောင့်ကြည့်နေခြင်း အကျိုးကျေးဇူးအဖြစ် မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခြင်းဖြစ်သည်။
တရုတ်အစိုးရဘက်မှလည်း နယ်စပ်ရှိ UWSA “၀”အဖွဲ့
၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ်ရေး
အကဲခတ် ဦးအောင်မြင့်မှ ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com