Tuesday, October 11, 2011

Tuesday, October 11, 2011


နိုင်ငံရေး အကျဉ်းသားနဲ့ အကျဉ်သား စုစုပေါင်း ၆၃၅၉ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

 နိုင်ငံရေးအကျဉ်းသားတွေ လွှတ်လာမည်ဖြစ်ကြောင်း ပြည်တွင်းမှပြောပါတယ်။
MRTV 4က အကျဉ်းသား ၆၃၅၉ဦးကို ၁၂ အောက်တိုဘာမှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်
ပေးမည်ဟုကြားဖြတ်သတင်းကြေငြာ သွားခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသား မည်မျှလွှတ်
အင်းစိန်ထောင်ရှေ့
ပေးမည်ကို မသိရှိရသေးပါ။ အင်စိန်ထောင် ရှေ့ တွင်လူများပြည့်လျှံနေသည်ဟု
သိရှိရသည်။
မြန်မာရဲ့ နံမည်ကြီး ငရဲခန်း

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော
အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်း
သည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။

ဗန်းမော်ထောင်မှာ ၂၀၀၅ခုနှစ် ၆လပိုင်းကစပြီး အနှစ်(၂၀) အကျဉ်းကျခံနေရတဲ့ အလုံမြို့နယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ) ဦးဘမြင့်ရဲ့ သားဖြစ်သူ အလုံအဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုလူမော်မှသိရှိရပါတယ်။ဖခင်နဲ့ ပါတ်သက်လို့  မသိရှိရသေးပါဟု ဆိုသည်။

မနက်ဖန် ၁၂ ရက်နေ့ ကျမှ လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများ သတင်းကို
သိကြရမည်ဖြစ်ပြီး ယခုအချိန်အထိတော့ မသိရှိရသေးကြောင်း ပြည်တွင်း နိုင်ငံရေး
အသိုင်းအ၀ိုင်းမှ ပြောဆိုနေကြသည်။

__._,_.___

No comments:

Post a Comment

wwwwnyinyi@gmail.com