Sunday, 30 October 2011 13:50 | |
![]() ပုဇွန်တောင်ချောင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ယင်းချောင်း၏ ရေအရည်အသွေးနှင့် သေဆုံးသည့်ငါးနမူနာ ကောက်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ “အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ရေစစ်ရေကျချိန် ပုဇွန်တောင်ချောင်း (ကြက်ဘဲဈေးအနီး) ထဲမှာ ငါးတွေအစုလိုက်အပြုံလိုက် မျောနေတာ တွေ့ရတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီလိုဖြစ်တဲ့ ငါးအမျိုးအစားက ငါးဇင်ရိုင်းအများစု ဖြစ်ပါတယ်။ သေတဲ့ငါးတွေရှိသလို မြော့ပြီး မျော နေတဲ့ငါးတွေလည်း ရှိပါတယ်။ ချောင်းရေပြင် အတော်များများမှာ အဲဒီငါးတွေ မျောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအနားက ငါးနမူနာရယ်၊ ရေအရည်အသွေး ရယ်ကိုဓာတ်ခွဲစစ်ဆေးသွားဖို့ ဆောင်ရွက်နေပါတယ်”ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲခြင်း၊ ရေ အပူချိန်ပြောင်းလဲခြင်း၊ ရေအရည် အသွေးကျဆင်းခြင်း၊ စက်ရုံများမှ အန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် မှုများကြောင့်လည်း ငါးများသေဆုံး နိုင်ကြောင်းနှင့် အချို့ဒေသများတွင် လူတို့ပယောဂဖြစ်သည့် စိုက်ပျိုးရေး သုံး ပိုးသတ်ဆေးများ၊ အခြား ဆေးဝါးများအသုံးပြုပြီး မြစ်ချောင်းများအတွင်း ဆေးချကာ ငါးဖမ်းဆီးမှုများကြောင့်လည်း ငါးသေဆုံးမှုများ ဖြစ်ပွားတတ်ကြောင်းလည်း သိရှိရပါသည်။ |
Sunday, October 30, 2011
ပုဇွန်တောင် ချောင်းအတွင်း ငါးအစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ရေအရည်အသွေး နှင့် သေဆုံးသည့် ငါးနမူနာကောက်ယူ စစ်ဆေးနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
wwwwnyinyi@gmail.com