Wednesday, October 19, 2011

ရန်ကုန်တွင်သွင်းကုန်လိုင်စင်ဆောင်ရွက်ဟုသိရ

ပြည်ပပို့ကုန်၊ သွင်းကုန်လိုင်စင်များအား နေပြည်တော်တွင် သာမက ရန်ကုန်မြို့၌လည်း ဆောင်ရွက်ပေးနေပြီဟု သိရ
Wednesday, 19 October 2011 14:02
   ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဆောင်ရွက်နေသော ပြည်ပပို့ကုန်၊ သွင်းကုန်လိုင်စင်များ ဆောင်ရွက်ရာတွင် ယခင်က နေပြည်တော်သို့ သွားရောက် လုပ်ဆောင်ကြရသော်လည်း အောက်တိုဘာလ၊ ဒုတိယပတ်မှစတင်၍ ရန်ကုန်မြို့ရှိ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။    “၂၀၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကစပြီး လယ်ယာထွက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာနဲ့ CMP  အထည်ချုပ် လုပ်ငန်းတွေကနေ ထွက်ရှိတဲ့ ပို့ကုန်များအတွက် လိုင်စင်လျှောက်ထားမှုတွေကို နေပြည်တော်ကို သွားစရာမလိုဘဲ ရန်ကုန်မြို့မှာပဲ ဆောင်ရွက်ခွင့် ပေးထားပါတယ်။ ဒီလိုမျိုးပဲ သစ်တောထွက်ပစ္စည်း တွေနဲ့ ပတ်သက်ရင်တော့ အောက်တိုဘာလ ၁၀ ရက် ကစပြီး ရန်ကုန် ရုံးမှာ လက်ခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်”ဟု ပို့ကုန် လုပ်ငန်းရှင်များက ပြောပြကြသည်။

လျှောက်မယ့် လုပ်ငန်းရှင်က ကိုယ်နဲ့သင့်တော်မယ့် နေရာမှာ လျှောက်လို့ ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် လိုင်စင်လျှောက်ချင်တဲ့သူတွေကိုလည်း ရန်ကုန်မှာပဲ စီစဉ်ဆောင်ရွက်ပေးနေပါပြီ။
   ယင်းကဲ့သို့ လိုင်စင်လျှောက်ထားရာတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ရန်ကုန် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် လက်ခံပြုလုပ်ပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှရရှိသော သတင်းများအရ သိရှိရသည်။
    အလားတူပင် အခြားပို့ကုန် အမယ်များအတွက်လည်း မကြာမီ ရန်ကုန်မြို့၌ပင် လက်ခံဆောင်ရွက် ပေးသွားရန် စီစဉ်နေကြောင်း သိရှိ ရသည်။
   “အခု လယ်ယာထွက်ကုန် ပစ္စည်းတွေကို နေပြည်တော်မှာ သွားလုပ်စရာမလိုဘဲ ရန်ကုန်မြို့မှာပဲ လုပ်ခွင့်ပေးထားပါတယ်။ နေပြည်တော်မှာ သွားလုပ်တာထက် ကုန်ကျစရိတ်တော့ သက်သာသွား မှာပါ။ အဲဒီလိုပြောလို့ လိုင်စင် လျှောက်တာကို ရန်ကုန်မှာပဲ လျှောက်ရမယ်၊ နေပြည်တော်မှာ မလျှောက်ရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ လျှောက်မယ့် လုပ်ငန်းရှင်က ကိုယ်နဲ့ သင့်တော်မယ့် နေရာမှာ လျှောက်လို့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေး အတွက် လိုင်စင်လျှောက်ချင်တဲ့သူတွေကိုလည်း ရန်ကုန်မှာပဲ စီစဉ်ဆောင်ရွက် ပေးနေပါပြီ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

    လျှောက်မယ့် လုပ်ငန်းရှင်က ကိုယ်နဲ့သင့်တော်မယ့် နေရာမှာ လျှောက်လို့ ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် လိုင်စင်လျှောက်ချင်တဲ့သူတွေကိုလည်း ရန်ကုန်မှာပဲ စီစဉ်ဆောင်ရွက်ပေးနေပါပြီ။

No comments:

Post a Comment

wwwwnyinyi@gmail.com