Wednesday, October 19, 2011

မြန်မာနိုင်ငံတွင်ပြည့်ဝသောဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးသည့် မြန်မာနိုင်ငံ အကျဉ်းသားများ လွှတ်ပေးမှု မီရှဲယိုနှင့် လပ်ဘက်ဆန်တို့ ချီးကျူး



အကျဉ်းသားများလွှတ်ပေးမှု မြန်မာ တက်ကြွလှုပ်ရှားသူ၏ အတ္ထုပ္ပတ္တိအခြေခံ ဇာတ် ကား (The Lady) တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသမီးမီရှဲယိုက ဟာသပညာရှင် ဇာဂနာ အား လွှတ်ပေးမှုသည် ပျော်ရွှင်စရာသတင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် မီရှဲယိုက "ဇာဂနာလို လူတွေ ပိုမိုလွတ်မြောက်လာမယ်လို့ ကျွန်မတို့ မျှော်လင့် ဆုတောင်းပါတယ်။ ဒါဟာ မြန်မာအစိုးရအနေဖြင့် လမ်းမှန်ပေါ် သို့ စတင်လျှောက်လှမ်းခြင်းဖြစ်ပါတယ်။ ဇာဂနာကို လွှတ်ပေးမှု ဟာ ပျော်ရွှင်စရာသတင်း ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ အများအပြား ရှိသေးတဲ့အတွက် ဇာဂနာလိုလူမျိုးတွေကို ပိုမိုပြီးလွှတ်ပေးဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ မီရှဲယိုသည် ဒါရိုက်တာ လပ်ဘက်ဆန် ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်လမ်း The Lady ကြော်ငြာရန် ဘူဆန်တွင်ရောက်ရှိနေသည်။ ပြင်သစ်နိုင်ငံသား လပ်ဘက်ဆန်က ဇာဂနာ ပြန်လည်လွတ်မြောက်လာသည့်နေ့ အထိမြန်မာနိုင်ငံတွင် ဒီမိုကရေစီမရှိဟုယူဆကြောင်း အစောပိုင်း တွင် ပြောကြားခဲ့သည်။


ဇာဂနာ လွတ်မြောက်ကြောင်း သတင်း ထွက်ပေါ်လာသောအခါ ဘက်ဆန်သည် မယုံကြည်သလို တုံ့ ပြန်ခဲ့သည်။ အတည်ပြုချက်ရသည်နှင့် ချက်ချင်း ဒါရိုက်တာက ၄င်းသည် တစ်နေ့တာအတွင်း ကြားခဲ့ရသမျှသတင်းများအနက် အကောင်းဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။ Crouching Tiger, Hidden Dragonနှင့် Memoirs of a Geisha ကဲ့သို့ နာမည်ကျော်ဇာတ်ကားများတွင် ပါဝင်မှု ကြောင့် လူသိများခဲ့သည့် မီရှဲယိုက သူမသည် လူ့အခွင့်အရေး များအပေါ် လေးစားရန် တွန်းအားပေးသည့် အနေဖြင့် The Lady ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

Ref:Internet

ဤသတင်းအား ဗီနပ်စ် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်.။

No comments:

Post a Comment

wwwwnyinyi@gmail.com