အခြားနိုင်ငံတိုင်းပြည်များတွင်ပြည်သူလူထုဖက်မှရပ်တည်သောဥပဒေများစိုးမိုးပေါ်ပေါက်နေသော်လည်း-
မြန်မာပြည်တွင် ပြည်သူများဖက်မှရပ်တည်သောဥပဒေမပေါ်ပေါက်သေးခြင်း။
မြန်မာနိုင်ငံတွင်းစစ်အာဏာကိုဆုပ်ကိုင်ပြီးတဦးတည်းဆန္ဒဖြင့်ထင်ရာစိုင်းခဲ့တဦးတည်းအမြင်ဒေါသများနှင့်
ပြည်သူများအပေါ်အစုလိုက်အပြုံလိုက်သော်သတ်ဖြတ်၍သော်လည်းကောင်း၊ လူမဆန်စွာ ဥပဒေမဲ့ ပြစ်ဒဏ်ပေးမှု့များ၊ညှင်းပမ်းနှိပ်စက်မှု့များ၊ ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်များအားယနေ့အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိသေး၊
ထို့အပြင် မကြာခင်အချိန်ကပင်ပြည်သူများအပေါ်နှင့်တိုင်းပြည်တခုလုံးအပေါ်အာဏာအကြီးဆုံးအုပ်ချုပ်ရက်စက်ခဲ့သူ
သန်းရွှေ၊အာဏာချုပ်ကိုင်မှု့များရှိနေစဉ် အကျယ်တဝင့်သတင်းများထုတ်ပြန်ကြေငြာချက်များရှိသော်လည်း၊
၎င်းတာဝန်ယူချိန်မှ ရပ်နားလိုက်ချိန်တွင် တိုင်းပြည်လူထုအပေါ်တရားဝင်လူသိရှင်ကြားအသိမပေးမှု့သည်
လက်ရှိတာဝန်ယူနေသော အုပ်ချုပ်မှု့အဖွဲ့အစည်းများအားလုံးသမ္မတဦးသိန်းစိန်အပါအဝင် သည် သန်းရွှေအပေါ်မလွန်ဆန်နိုင်သေးခြင်း၊သန်းရွှေ၏ အုပ်ချုပ်မှု့အောက်၊နောက်ကွယ်အာဏာစက်အောက်မှမလွတ်မြောက်သေးသည်မှသေချာလှသည်။
ထိုလုပ်များနှင့် လူသတ်တရားခံစစ်ခေါင်းဆောင်သန်းရွှေ တရုပ်ပြည်မှစွယ်တော်ကို ဖူးမြှော်သည့်သတင်းကိုမသိမသာလေးထုတ်ပြန်ကြေငြာချိန်တွင် အငြိမ်းစားယူသွားပြီဟုမသိမသာလေး(ငြိမ်း)ဆိုသောစားလုံးလေးဖြင့်ဖေါ်ပြခဲ့သည်။
တိုင်းပြည်အပေါ်တွင်သြဇာအာဏာကြီးခဲ့သောလူသတ်တရားခံ တိုင်းပြည်မှအငြိမ်းစားစယူသည့်နေ့ရက်
အချိန်တွင်ပြည်သူလူထုအပေါ်တရားဝင်လူသိရှင်ကြားထုတ်ပြန်မကြေငြာခြင်းသည်
သန်းရွှေအာဏာစက်အောက်မှမလွတ်မြောက်သေးခြင်းနှင့်သူ၏ညွန်ကြားချက်များအတိုင်းဆက်လက်လုပ်ဆောင်
နေရခြင်းသာဖြစ်သည်။"အရပ်စကားနှင့်ပြောရလျှင်သန်းရွှေကိုကြောက်နေရသေးသောကြောင့်ဖြစ်သည်။"
ဘုရားသားတော်၊သံဃာတော်များပါမချန်သတ်ဖြတ်ရန်တာဝန်ပေးမှု့များကိုဦးဆောင်ခဲ့သော သန်းရွှေသည်တနေ့ပြည်သူများ၏ တုန့်ပြန်ခြင်း(သို့)သဘာဝတရား၏တုန့်ပြန်ခြင်းကိုခံရမည်သာဖြစ်သည်။(ပြည်သူ့အော်သံ)
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို တရားထပ်မံစွဲဆိုမည် |
Thursday, 24 November 2011 13:26 |
![]() ၂၀၀၇ ခုနှစ်၊ အထက်လွှတ်တော် ရွေးကောက်ပွဲများတွင် မဲလိမ်ခဲ့မှုဖြင့် ဖိလစ်ပိုင်ရဲများက အာရိုယိုအား နိုဝင်ဘာလလယ်ပိုင်းအတွင်း ဖမ်းဆီးထားခဲ့ရာ ၎င်းအနေဖြင့် ယခုအမှုကို ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ဒေသတွင်း ရွေးကောက်ပွဲများတွင် နိုင်ငံရေးပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတောင်ပိုင်း မဂူအင်ဒန်အိုခရိုင်မှ အမ်ပက်တူ ယန်ဆွေမျိုးစု ခေါင်းဆောင်များသည် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ အာရိုယို၏ အစိုးရသည် အမ်ပက်တူယန်များအား စစ်လက်နက်အကူအညီများ ပေးခြင်း၊ နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်များကို တိုက်ခိုက်ရာတွင် ဖိလစ်ပိုင်တပ်ဖွဲ့၏ ကိုယ်ပွားအဖြစ် အမ်ပက်တူယန်တပ် များကို လှုပ်ရှားခွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမ်ပက်တူယန်ဆွေ မျိုးစုခေါင်းဆောင်ကိုလည်း ၎င်း၏သားဖြစ်သူနှင့်အတူ ယခုအခါ ဖမ်းဆီးထားပြီး ၂၀၀၇ ခုနှစ်၊ အထက်လွတ်တော် ရွေးကောက်ပွဲများတွင် အာရိုယိုအားကူညီခဲ့မှုဖြင့် နို ၀င်ဘာလလယ်အတွင်းက ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။ Ref:AFP |
No comments:
Post a Comment
wwwwnyinyi@gmail.com